DVB Logo
Home
မြန်မာသတင်း
ကြက်ငှက်တုပ်ကွေးနှင့်ပတ်သက်၍ ကန့်သတ်မှုများ တနင်္သာရီတိုင်းဒေသကြီးအစိုးရ ပြန်ရုပ်သိမ်း
DVB
·
August 26, 2017
ကြက်ငှက်တုပ်ကွေးနှင့်ပတ်သက်၍ ကန့်သတ်မှုများ တနင်္သာရီတိုင်းဒေသကြီးအစိုးရ ပြန်ရုပ်သိမ်း
Donate to DVB

ကြက်ငှက်တုပ်ကွေးaရာဂါ H5N1 နဲ့ ပက်သက်လို့ ကန့်သတ်မှုတွေကို ပြန်လည် ရုပ်သိမ်းကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။

လက်ရှိအချိန်မှာ ထားဝယ်မြို့နယ်ရှိ မွေးမြူရေးကြက်ခြံတွေမှာ ကြက်ငှက်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုကို စနစ်တကျ ထိမ်းချုပ်နိုင်ပြီ ဖြစ်တဲ့အပြင် ၂၁ ရက် ပြည့်မြောက်တဲ့အထိ ကြက်ငှက်တုပ်ကွေး ရောဂါနဲ့ ကြက်တွေ သေဆုံးမှု မရှိဘူးလို့လည်း ဆိုထားပါတယ်။

ရောဂါ ဖြစ်ပွားမှု ကင်းစင်ပြီ ဖြစ်တဲ့အတွက် ကြက်၊ ဘဲနဲ့ ကြက်ဘဲ ထုတ်ကုန်ပစ္စည်းတွေ ရောင်းချတာနဲ့ ရွှေ့ပြောင်း သယ်ဆောင်တာတွေကို ကန့်သတ်ထားတာကို ပြန်လည်ရုပ်သိမ်းပြီး ပုံမှန်အတိုင်း ရောင်းချခွင့်နဲ့ ရွှေ့ပြောင်းသယ်ဆောင်ခြင်းတို့ကို ခွင့်ပြုကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013