DVB Logo
Home
မြန်မာသတင်း
ရခိုင် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း အတိုင်ပင်ခံရုံး ထုတ်ပြန်
DVB
·
August 26, 2017
ရခိုင် အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း အတိုင်ပင်ခံရုံး ထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် အကြမ်းဖက်သမားတွေရဲ့ ကြမ်းတမ်းရက်စက်တဲ့ တိုက်ခိုက်မှုလုပ်ရပ်တွေကို ပြင်းထန်စွာ ရှုတ်ချကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မနေ့ညက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့  အပြီးသတ် အစီရင်ခံစာ ထုတ်ပြန်မှုနဲ့ အချိန်ကိုက်ပြီး တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်ဖွယ်ရာရှိတာကို အရင်ကတည်းက ကြိုတင်မှန်းဆထားတဲ့အတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတွေအား ညွှန်ကြားချက်တွေ ပေးထားခဲ့ပါကြောင်း ဖော်ပြထားပါတယ်။

အသက်ပေးလှူသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တသားတည်း ရပ်တည်လျက်ရှိကြောင်း ရေးသားထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်နေမှုကိစ္စရပ်တွေအပေါ် နိုင်ငံတော်အကြီးအကဲတွေကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်နေတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ သြဂုတ် ၂၅ ရက်နေ့ မနက် အစောပိုင်းကစပြီး အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာန အရာထမ်း ၁ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ အကြမ်းဖက်သမား ၇၇ ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး ၂ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013