DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် ပုဒ်မ ၁၄၄ အချိန်တိုးမြှင့်ထုတ်ပြန်
DVB
·
August 25, 2017
မောင်တောတွင် ပုဒ်မ ၁၄၄ အချိန်တိုးမြှင့်ထုတ်ပြန်
Donate to DVB

သြဂုတ်လ ၂၅ ရက်နေ့ မနက် ၁ နာရီအချိန်ကတည်းက ဖြစ်ပွားနေတဲ့ နယ်ခြားစောင့်ရဲစခန်းတွေနဲ့ တပ်ရင်း တပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေဟာ ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် မောင်တောခရိုင်ထဲမှာ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို အချိန်တိုးမြှင့် ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာတော့ သြဂုတ် ၉ ရက်နေ့က မောင်တောနဲ့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူးတွေ ထုတ်ပြန်ခဲ့တဲ့ အမိန့်ကို ပယ်ဖျက်ပြီး သြဂုတ် ၂၅ ရက် ရက်စွဲနဲ့ အမိန့်သစ်ကို ပြင်ဆင် ထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၂ ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ ၂၀၁၆ အောက်တိုဘာ ၉ ရက်နေ့က ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ၂၀၁၇ သြဂုတ် ၂၅ ရက်နေ့မှာဖြစ်ခဲ့တဲ့ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ထဲက ရပ်ကွက်၊ ကျေးရွာတွေက ကင်းစခန်းတွေမှာ အင်အားအလုံးအရင်းနှင့် တပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသတွင်းမှာ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ကို တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေက ဆောင်ရွက်ဖို့လိုတဲ့အတွက် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ရတာပါ။

အမိန့်စာ ဖော်ပြချက်အရ မောင်တောခရိုင်ထဲက အများပြည်သူသွားရာလမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယာဉ် (သို့မဟုတ်) အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာမှာ ၅ ဦးထက်ပိုပြီး လူမစုဖို့၊ ညနေ ၆ နာရီမှ နောက်တနေ့ မနက် ၆ နာရီအထိ ညမထွက်ဖို့ ခရိုင်အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့ပါတယ်။

အရင်က မောင်တောမြို့နယ်မှာ ည ၉ နာရီက နောက်နေ့ မနက် ၅ နာရီအထိနဲ့ ဘူးသီးတောင် မြို့နယ်မှာ ည ၁၀ နာရီက နောက်တနေ့ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားတာပါ။

နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ ကင်းစခန်းပေါင်း ၃၀ ခုတိုက်ခိုက်ခံရပြီး၊ တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ဒုလဝကမှူး ၁ ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရသူ တပ်ဖွဲ့ဝင်ပေါင်း ၁၁ ဦးရှိကာ အဲဒီထဲက ၃ ဦး စိုးရိမ်ရကြောင်း၊ လက်နက် ၆ လက် ဆုံးရှုံးခဲ့ပြီး အစွန်းရောက် ဘဂါင်္လီအကြမ်းဖက်သမား အလောင်း ၅၉ လောင်းရရှိကာ ၁ ဦး အရှင်ဖမ်းမိတယ်လို့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း ဓာတ်ပုံ- ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013