DVB Logo
Home
မြန်မာသတင်း
သထုံမြို့နယ်တွင် ငါးချဉ်စားမိရာမှ လူ ၁၇ ဦး အစာအဆိပ်သင့်
DVB
·
August 25, 2017
သထုံမြို့နယ်တွင် ငါးချဉ်စားမိရာမှ လူ ၁၇ ဦး အစာအဆိပ်သင့်
Donate to DVB

မွန်ပြည်နယ် သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာမှာ သြဂုတ် ၂၅ ရက်နေ့၊ မနက် ၉ နာရီက ကျေးရွာထဲကို လာရောင်းတဲ့ ငါးချဉ်အား ဝယ်ယူစားသုံးမိရာမှ လူ ၁၇ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပါတယ်။

ပိန္နဲတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းဦးက “ရွာသားတွေက ရွာမှာလာရောင်းတဲ့ ငါးချဉ်သည်ဆီကနေ ဝယ်စားကြတာ။ ဝယ်စားတဲ့သူတွေ အားလုံးကဖြစ်နေကြတာ။ ခုလောလောဆယ် အနေထားအရတော့ လူနာအချို့ကတော့ သက်သာနေပြီ။ နဂိုကတည်းက ကိုယ်ခံအားမကောင်းလို့ နေမကောင်းတဲ့သူကိုတော့ စိတ်ချရအောင် ဆေးရုံကို လွှဲပို့ထားတယ်” လို့ ပြောပါတယ်။

အစာအဆိပ်သင့်မှုကြောင့် ကျား ၇ ဦး၊ မ ၁၀ ဦး၊ စုစုပေါင်း ၁၇ ဦးမှာအော့အန်ခြင်း၊ ဝမ်းသွားခြင်းတွေ ဖြစ်ပေါ်နေလို့ ပိန္နဲတောကျေးရွာဆေးပေးခန်းမှာ ကုသပေးနေပြီး လူနာတဦးအား သိမ်ဆိပ်တိုက်နယ်ဆေးရုံကို တင်ပို့ကာ ဆေးကုသမှုတွေ ပြုလုပ်ဆောင်ရွက် နေပါတယ်။

"အစာအဆိပ့်သင့်တာက ငါးချဉ်ဝယ်စားတဲ့သူတွေဖြစ်ကြတာ။ ခုတော့ အားလုံး သက်သာနေပါပြီ။ လူနာတွေဆီက ထွက်တဲ့ အန်ဖတ်နဲ့ ငါးချဉ်နမူနာကို ယူပြီးတော့ အမျိုးသားဓာတ်ခွဲခန်းကိုပို့ပြီး စစ်ဆေးထားပါတယ်'' လို့ သထုံခရိုင် ဆေးရုံအုပ် ဒေါက်တာသင်းသင်းအိက ဒီဗွီဘီကို ပြောပါတယ်။

အစာအဆိပ်သင့်မှုနှင့်ပတ်သက်ပြီး ကျန်းမာရေးအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာတွေ၊ ကျေးရွာနေပြည်သူတွေ ပူးပေါင်းဆောင်ရွက်နေပြီး ကျေးရွာအတွင်း နောက်ထပ်အစာအဆိပ်သင့် လူနာရှိ/မရှိ စစ်ဆေးဆောင်ရွက်နေကြပါတယ်။

သတင်း=ယူမင်းစိုး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013