DVB Logo
Home
မြန်မာသတင်း
အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား အလောင်း ၅၉ လောင်းရရှိ
DVB
·
August 25, 2017
အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမား အလောင်း ၅၉ လောင်းရရှိ
Donate to DVB

ရခိုင်ပြည်နယ်အတွင်း လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ ဘင်္ဂါလီ အကြမ်းဖက်သမား အလောင်း ၅၉ လောင်းရရှိပြီး ၁ ဦးကို အရှင်ဖမ်းမိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။

အစွန်းရောက် ဘဂါင်္လီ အကြမ်းဖက်သမားတွေက သြဂုတ် ၂၅ ရက် မနက် အရုဏ်တက်မှာ  မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အတွင်းရှိ လုံခြုံရေးရဲကင်းစခန်းတွေကို တချိန်တည်း အလစ်အငိုက် အကြမ်းဖက်တိုက်ခိုက်ခဲ့ တာဖြစ်ပါတယ်။

တိုက်ခိုက်ခံရတဲ့ ကင်းစခန်းပေါင်း ၃၀ ခုရှိပြီး  တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ ဒုလဝကမှူး ၁ ဦး ကျဆုံးကာ တပ်ဖွဲ့ဝင်ပေါင်း ၁၂ ဦး ဒဏ်ရာရသွားသလို ဆုံးရှုံးလက်နက် ၆ လက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အစွန်းရောက် ဘဂါင်္လီအကြမ်းဖက်သမားတွေက မောင်တောဒေသအတွင်းရှိ လုံခြုံရေး ရဲကင်းနဲ့ ရဲစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်တဲ့အပြင်  ဒုက္ခသည်စခန်းတွေနဲ့ ကျေး ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့လည်း သိရပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းရှိ ချိန်ခါလီ ဘင်္ဂါလီရွာမှာ ဘင်္ဂါလီတွေက သူတို့ရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး မြစ်နားဘဂါင်္လီကျေးရွာနဲ့ မေယုတောင်ကြောဘက်ကို တက်သွားကြသလို အိမ်ခြေ ၆၀ ရှိတဲ့ စတီပြင် ဘင်္ဂါလီကျေးရွာမှာလည်း  ဘဂါင်္လီတွေက သူတို့ရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး ချင်းရွာဘက် ပြောင်းရွှေ့သွားတယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013