DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ကျွန်း မြို့မရဲစခန်းမှ အချုပ်သား ၁၀ ဦး ထွက်ပြေးလွတ်မြောက်
DVB
·
August 25, 2017
မော်လမြိုင်ကျွန်း မြို့မရဲစခန်းမှ အချုပ်သား ၁၀ ဦး ထွက်ပြေးလွတ်မြောက်
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် မြို့မရဲစခန်းကနေ  ဒီကနေ့ မနက် ၃ နာရီလောက်က အချုပ်သား ၁၀ ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။

၁၈၈၀ ပြည့်နှစ်ကတည်းက တည်ဆောက်ထားတဲ့ ရဲစခန်း အချုပ်ခန်းဟောင်းမှာ အချုပ်သား ၄၁ ယောက်ထားရှိထားပြီး အဲ့ဒီအထဲက အချုပ်သား ၁၀ ဦးဟာ ဆွေးနေတဲ့ အချုပ်ခန်းကြမ်းပြင်ကို ဖောက်ထွင်းပြီး ပုဆိုးတွေကို ကြိုးသဖွယ်လုပ်က တွယ်ဆင်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။

အများစုက ခိုးမှုနဲ့ စစ်ဆေးခံနေရသူတွေဖြစ်ပြီး အမြန်ဆုံးပြန်လည် ဖမ်းဆီးရမိနိုင်ရေးအတွက် တိုင်းရဲတပ်ဖွဲ့မှူး ကိုယ်တိုင်အနီးကပ် ကြီးကြပ်ပြီး မြို့နယ်နဲ့ စပ်ဆက်တဲ့ ထွက်ပေါက်တွေ၊ တရားခံသွားလာနိုင်တဲ့ နေရာတွေကိုစုံစမ်းပြီး ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ဆို့ ရှာဖွေနေတယ်လို့ ဆိုပါတယ်။

တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ပေါ့လျော့စွာ တာဝန်ထမ်းဆောင်တဲ့အတွက် အလှည့်ကျကင်းအဖွဲ့တွေ၊ စခန်းမှူးနဲ့ တာဝန်မှူးတို့ကိုလည်း ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013