
ကြက်သွန်နီ
ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ကြက်သွန်နီက ၁ ပိဿာကို ၁၂၇၅ ကျပ်ကနေ ငွေကျပ် ၁,၆၅၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွာါးတယ်။
ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၉၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၁,၅၃၅ ကနေ ၁,၈၃၀ ပေါက်ဈေးရှိနေပါတယ်။
နှမ်းနက်
မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းနက်က ၁ အိတ်ကို ငွေကျပ် ၁၀၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
နှမ်းဖြူ
နှမ်းဖြူကတော့ ဒီနေ့မှာ ၁ အိတ်ကို ၄,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁၀၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၂၃,၀၀၀ ပေါက်ဈေးရှိပါတယ်။
ပဲနောက်စိမ်း
ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ပဲနောက်စိမ်းက ၁ တင်းကို ၁,၆၀၀ ကျပ် ဈေးတက်လာပြီးတော့ ၁ တင်းကို ငွေကျပ် ၂၆,၁၀၀ ပေါက်ဈေးရှိပါတယ်။
မုန်လာဥနီ
အောင်ပန်း ကုန်စည်ဒိုင်မှာတော့ မုန်လာဥနီက ၁ ပိဿာကို ၂၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၆၀၀ ပေါက်ဈေးရှိပါတယ်။
ရွှေပဲသီး
ရွှေပဲသီးကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၁,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကတော့ ဒီနေ့မှာ ၁ ပိဿာကို ငွေကျပ် ၅၀၀ ကျပ် ပေါက်ဈေးရှိနေပြီးတော့ ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။
အခုဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA











