DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် တရားမဝင်ကျွန်းခွဲခြမ်းများနှင့် ကျွန်းတံခါးချပ် ၈ တန်ကျော် ဖမ်းမိ
DVB
·
August 25, 2017
Donate to DVB

တိုက်ကြီးမြို့နယ်မှာ ကျပ်သိန်း ၁၅၀ လောက် တန်ဖိုးရှိ တရားမဝင် ကျွန်းခွဲသားတွေနဲ့ ကျွန်းတံခါးချပ်တွေကို သြဂုတ် ၂၄ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနက တောအုပ်ကြီး ဦးတင်မြတ်က ပြောပါတယ်။

တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနက ဦးစီးအရာရှိ ဦးစိုးမြင့်သူ ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေဟာ သတင်းအရ တိုက်ကြီးမြို့နယ် သဲဝါကျေးရွာအုပ်စု သင်တောရိုးကျေးရွာမှာ ရှာဖွေစစ်ဆေးခဲ့ရာက တရားမဝင်ကျွန်းသစ်လုံး ၃ လုံးနဲ့ ကျွန်းယောင်ခြမ်း ၉ ခြမ်း ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေပုဒ်မ ၉၉(ဂ) နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။

အလားတူ မင်္ဂလာရပ်ကွက်၊ မီးသွေးကုန်းကျေးရွာ လမ်းမပေါ်မှာ CANTER ဘောက်ကား ၆ ဘီးယာဉ်ပေါ်ကနေ ကျွန်းတံခါးဆိုဒ်စုံ ၁၅၃ ချပ်၊ ကျွန်းခွဲသား ၃၆ ချောင်းတို့ကို ဖမ်းဆီးမိခဲ့တယ်လို့ တိုက်ကြီးမြို့နယ် သစ်တောဦးစီးအရာရှိ ဦးစိုးမြင့်သူက ဒီဗွီဘီိကို ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ တရားမဝင်ကျွန်းခွဲသားတွေ၊ ကျွန်းတံခါးချပ်တွေကို သစ်တောဥပဒေပုဒ်မ ၄၃(က) နဲ့ အရေးယူထားပြီး တရားခံကိုတော့ စုံစမ်းဆောင်ရွက်နေတယ်လို့ သစ်တောဦးစီးဌာနက ပြောပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013