DVB Logo
Home
မြန်မာသတင်း
နတ်ချောင်းရဲကင်းစခန်းကို အကြမ်းဖက်အင်အား ၃၀၀ ခန့်က ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေ
DVB
·
August 25, 2017
နတ်ချောင်းရဲကင်းစခန်းကို အကြမ်းဖက်အင်အား ၃၀၀ ခန့်က ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေ
Donate to DVB

ဘင်္ဂါလီအစွန်းရောက်အကြမ်းဖက်သမားတွေက ဒီနက်  နံနက် ၉ နာရီ ၄၅ မိနစ်မှ ယခု အချိန်အထိ နတ်ချောင်းရဲကင်းစခန်းကို အင်အား ၃၀၀ ခန့်နဲ့  ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေလို့  တပ်မတော်စစ်ကြောင်းနဲ့  ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်း ခုခံကာကွယ်နေရတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

နယ်မြေလုံခြုံရေးဆောင်ရွက် နေတဲ့ တပ်မတော် စစ်ကြောင်းတွေကို  မောင်တော မြို့နယ်၊ ကြိမ်ချောင်းကျေးရွာနဲ့ ၀က်ကြိမ်းကျေးရွာတွေမှာ ဘင်္ဂါလီအကြမ်းဖက်သမားတွေက ဆွဲမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စစ်သည် ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လည်းဆိုပါတယ်။

ဒီမနက် ၇ နာရီ ၄၅ မိနစ်မှစတင်ပြီး ကျားခေါင်းတောင်ရဲကင်းစခန်းကို ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်တွေက ၀ိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ရာမှာ မွန်းတည့် ၁၂ နာရီမှာ တပ်မတော်စစ်ကူစစ်ကြောင်းတွေ ရောက်ရှိပူးပေါင်းနိုင်ခဲ့လို့ အကြမ်းဖက်သမားတွေ ဆုတ်ခွာထွက်ပြေးသွားတယ်လို့လည်း တပ်မတော်ထုတ်ပြန်ချက်အရ သိရပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013