DVB Logo
Home
မြန်မာသတင်း
မောင်တောတိုက်ခိုက်မှုတွင် စစ်သည် ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးဟု တပ်မတော်ထုတ်ပြန်
DVB
·
August 25, 2017
မောင်တောတိုက်ခိုက်မှုတွင် စစ်သည် ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးဟု တပ်မတော်ထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တွေမှာ တပ်မတော်မှ စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင်၁၀ ဦးကျဆုံးကာ လက်နက်ငယ် ၅ လက်ပါသွားပြီး ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမား အလောင်း ၁၅ လောင်းရရှိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပါတယ်။

မောင်တောမြို့နယ်၊ ပဒင်းခေါင်းတကာကျေးရွာရှိ ရဲစခန်းတစ်ခုကို ဒီမနက် အစောပိုင်း ၁ နာရီမှာ ဘင်္ဂါလီ အစွန်းရောက်အကြမ်းဖက်သမားတွေက လက်လုပ်မိုင်းတွေ ဖောက်ခွဲကာ လက်နက်ငယ်တွေနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး ဘူးသီးတောင်နဲ့ မောင်တောနယ်မြေအတွင်းရှိ လုံခြုံရေး ရဲကင်းစခန်း ၁၉ ခုကို တစ်ချိန်တည်း တုတ်၊ ဓားကိုင်ဆောင်တိုက်ခိုက် တံတားတွေ မိုင်းဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။

ဒီကနေ့ မနက် ၁ နာရီ ၂၀ မိနစ်ခန့်မှာ ပညောင်ပင်ကြီးနဲ့ သရေကုန်းဘောင် aကျးရွာအကြားမှာ မိုင်း ၁ လုံးပေါက်ကွဲခဲ့ပြီး မနက် ၃ နာရီ ၂၅ မိနစ်မှာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေက  လောင်းဒုံ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ ကွမ်းသီးပင်ချောင်းဝ၊ နတ်ချောင်းနဲ့ သီဟို၌ရဲကင်း စခန်းတွေကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မနက်၎ နာရီမှာလည်း ကညင်တန်းကျေးရွာအထွက်မှာ ဆွဲမိုင်း ၁ လုံးဖောက်ခွဲပြီး ဘူးသီးတောင်မြို့နယ်၊ ဖောင်တော်ပြင်ရဲကင်းစခန်း၊ ဇင်ပိုင်ညာ၊ တမန်းသား၊ ဇီးပင်ချောင်းဝ၊ မီးတိုက်၊ သင်္ဘောကွေ့၊ မြင်းလွတ်၊ အလယ်သံကျော်၊ သ၀င်ချောင်း၊ ဥဒေါင်းတံကား၊ ပညောင်ပင်ကြီးနဲ့ ကျီးကျွန်းရဲကင်း စခန်းတွေကို တချိန်တည်းဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

အလားတူ နံနက် ၃ နာရီခန့်မှာ  ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာရှိ နယ်မြေခံ တပ်ဌာနချုပ်ကို အင်အား ၁၅၀ ခန့်နဲ့ နှစ်ဖွဲ့ခွဲပြီးဝင်ရောက်တိုက်ခိုက်ဖို့ ကြိုးစားပေမယ့် တပ်ရင်းဌာနချုပ်ရှိ အရာရှိ၊ စစ်သည်များနှင့် ရဲမေတွေက  ပြန်လည် ပစ်ခတ်ခဲ့လို့ နံနက် ၅ နာရီလောက်မှာ အကြမ်းဖက်အဖွဲ့မှ အလောင်း ၆ လောင်းကျန်ရှိ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ ကျေးရွာမှာလည်း ဒီမနက်  ၉ နာရီ ၄၅ မိနစ်မှာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေက  ၎င်းတို့ရဲ့ နေအိမ်တွေကို ကိုယ်တိုင် မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွားကြောင်းနဲ့  ကျားခေါင်းတောင်နဲ့ နတ်ချောင်း ရဲကင်း စခန်းတွေမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေတယ်လို့လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013