DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့ဝင် ၈ ဦးအပါအ၀င် ၉ ဦးကျဆုံး၊ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အသေးစိတ်ထုတ်ပြန်
DVB
·
August 25, 2017
ရဲတပ်ဖွဲ့ဝင် ၈ ဦးအပါအ၀င် ၉ ဦးကျဆုံး၊ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အသေးစိတ်ထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်မှာ အစွန်းရောက် ဘဂါင်္လီ အကြမ်းဖက်သမားတွေက ရဲကင်း၊ ရဲစခန်းတွေကို တချိန်တည်းတိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ ဒုလဝကမှူး ၁ ဦး စုစုပေါင်း ၉ ဦးကျဆုံးပြီး လက်နက်ငယ် ၆ လက်နဲ့ လက်ကိုင်ဆက်သွယ်ရေးစက် ၁ လုံး ဆုံးရှုံးကာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၆ လောင်း ရရှိထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။

သြဂုတ် ၂၅ ရက် နံနက် အရုဏ်တက်မှာ မောင်တောခရိုင်အတွင်း ရဲစခန်းတခုအား လက်လုပ်မိုင်းတွေနဲ့ မိုင်းခွဲတိုက်ခိုက်ကာ အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားတွေက တိုက်ခိုက်မှုတွေစတင်ပြုလုပ်လာခဲ့ရာ နေရာအများအပြားရှိ ရဲကင်းတွေနဲ့ ရဲစခန်းတွေကို တချိန်တည်း တပြိုင်တည်း တိုက်ခိုက်လာခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်အသေးစိတ်

(၁) နံနက် ၄ နာရီခွဲတွင် နယ်မြေ (၂) ရှိ တမန်းသားစခန်းအား အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားအင်အား (စိစစ်ဆဲ) မှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၂) နံနက် ၃ နာရီ ၃၅ မိနစ်တွင် နယ်မြေ (၃) ရှိ နံ့သာတောင်စခန်းအား အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားအင်အား (စိစစ်ဆဲ)မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်သား ညီညီလွင် ကျဆုံးပြီး အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား ၁ ဦး သေဆုံးခဲ့သည်။

(၃) နံနက် ၃ နာရီ ၄၅ မိနစ်တွင် နယ်မြေ (၃) ရှိ သင်္ဘောကွေ့စခန်းအား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား အင်အား ၁၀၀ ဦးခန့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁ ဦး သေဆုံးခဲ့သည်။

(၄) နံနက် ၅ နာရီ ၂၅ မိနစ်တွင် နယ်မြေ (၃) ရှိ ကျီးကျွန်း ကင်းစခန်းအား အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား အင်အား (စိစစ်ဆဲ) မှ လာရောက်ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းမှူး အပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နံနက် ၅ နာရီ မိနစ် ၅၀ တွင် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာသွားကြသည်။

(၅) နံနက် ၄ နာရီ မိနစ် ၂၀ တွင် နယ်မြေ (၃) ရှိ မီးတိုက်ချောင်းဝကင်းစခန်းအား အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားအင်အား (စိစစ်ဆဲ) မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ရာ မီးတိုက်ချောင်းဝ ကင်းစခန်းအတွင်းထိ ဝင်၍ ဓားဖြင့် ဝိုင်းဝန်းခုတ်ခဲ့သဖြင့် ရဲတပ်ကြပ် ရဲမြင့်၊ ရဲဒုတပ်ကြပ် သက်နိုင်ထွန်း ကျဆုံးခဲ့၍ လက်နက် ၃ လက် ပါသွားကာ နံနက် ၄ နာရီ  ၄၅မိနစ် တွင် အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာသွားကြသည်။

(၆) နံနက် ၃ နာရီ ၃၅ မိနစ် တွင် နယ်မြေ (၄) ရှိ နတ်ချောင်းကင်းစခန်းအား အစွန်းရောက် ဘဂါင်္လီအကြမ်းဖက်သမား အင်အား (စိစစ်ဆဲ) မှ လာရောက်ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၇) နံနက် ၄ နာရီခွဲတွင် နယ်မြေ (၄) ရှိ ဇီးပင်ချောင်းစခန်းအား အစွန်းရောက် ဘဂါင်္လီအကြမ်း ဖက်သမား အင်အား ၁၅၀ ဦးခန့် လာရောက် ဝိုင်းပြီး ကင်းစခန်းအတွင်းထိ ဝင်၍ ဓားဖြင့် ဝိုင်းဝန်း ခုတ်ခဲ့သဖြင့် ရဲတပ်သား မင်းသူရနိုင် ကျဆုံးခဲ့ကာ လက်ကိုင်ဆက်သွယ်ရေးစက် ၁ လုံးနှင့် တစ်လုံးထိုး သေနတ် (၁) လက် ပါသွားခဲ့ကြောင်း သိရသည်။

(၈) နံနက် ၃ နာရီ ၂၅ မိနစ်တွင် နယ်မြေ (၅) ရှိ လောင်းဒုံ စခန်းအား အစွန်းရောက် ဘဂါင်္လီအကြမ်းဖက် သမားများက သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေ။

(၉) နံနက် ၁ နာရီတွင် နယ်မြေ (၆) ရှိ မောင်းနီ ကင်း စခန်းအား အစွန်းရောက် ဘင်္ဂါလီအကြမ်း ဖက်သမားများက သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၁၀) နံနက် ၄ နာရီ ၅ မိနစ်တွင် နယ်မြေ (၆) ရှိ သီဟိုဠ် ကင်းစခန်းအား အစွန်းရောက် ဘင်္ဂါလီအကြမ်း ဖက်သမားအင်အား ၁၀၀ ဦးခန့် လာရောက် ဝိုင်းဝန်းခဲ့၍ တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့သဖြင့် အချိန်အနည်းငယ်အတွင်း ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

(၁၁) နံနက် ၄ နာရီ ၁၀ မိနစ်တွင် နယ်မြေ (၆) ရှိ ဇင်ပိုင်ညာ စခန်းအား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားအင်အား (စိစစ်ဆဲ)မှ လာရောက်ဝိုင်းခဲ့သဖြင့် တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ နံနက် ၄ နာရီ ၃၅ မိနစ်အချိန်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

(၁၂) နံနက် ၇ နာရီ ၃၅ မိနစ်တွင် နယ်မြေ (၆) ရှိ ကျောက်ပြင်ဆိပ်ကင်းစခန်းအား အစွန်းရောက် ဘဂါင်္လီအကြမ်းဖက်သမားအင်အား (စိစစ်ဆဲ) မှ သေနတ်ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

(၁၃) နံနက် ၀၀၅၀ မိနစ်တွင် နယ်မြေ (၇) ရှိ ပဒင်းခေါင်းတကာ ကင်းစခန်းအား အစွန်းရောက် ဘဂါင်္လီအကြမ်းဖက် သမားအင်အား(စိစစ်ဆဲ)မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၁၄) နံနက် ၁ နာရီ မိနစ် ၂၀ တွင် နယ်မြေ (၇) ရှိ ပညောင်ပင်ကြီး ကင်းစခန်းအား အစွန်းရောက် ဘင်္ဂါလီအကြမ်း ဖက်သမားအင်အား(စိစစ်ဆဲ)မှ လာရောက်ဝိုင်းဝန်း၍ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၁၅) နံနက် ၄ နာရီတွင် နယ်မြေ (၇) ရှိ ရွှေရင်အေး စခန်းအား လူအုပ်များတက်လာသည်ဟု သတင်းရရှိခဲ့သည်။

(၁၆) နံနက် ၅ နာရီ ၁၅ မိနစ်တွင် နယ်မြေ (၇) ရှိ သရေကုန်းဘောင် ကင်းစခန်းအား အစွန်းရောက် ဘင်္ဂါလီအကြမ်း ဖက်သမားအင်အား ၁၀၀ ဦးခန့် ဝင်ရောက်လာသည့် သတင်းအရ လူ၊ လက်နက်များ ရွာအတွင်းသို့ ရွှေ့ပြောင်းခဲ့ရသည်။

(၁၇) နံနက် ၄ နာရီတွင် နယ်မြေ (၈) ရှိ ချိန်ခါလီ စခန်းအား အစွန်းရောက် ဘဂါင်္လီအကြမ်းဖက် သမားအင်အား(စိစစ်ဆဲ)မှ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ရာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၁ ဦး သေဆုံးခဲ့သည်။

(၁၈) နံနက် ၄ နာရီ ၄၅ မိနစ်တွင် နယ်မြေ (၈) ရှိ မြင်းလွတ်စခန်းအား အစွန်းရောက် ဘဂါင်္လီအကြမ်း ဖက်သမားအင်အား ၁၀၀ ခန့်က လာရောက်ဝိုင်းဝန်းတိုက်ခိုက်သဖြင့် ရဲမှူး ဟိန်းထက်ကျော်၊ ရဲတပ်သား ဝင်းထိုက်တို့ နှစ်ဦး ကျဆုံးခဲ့ပြီး ဘီအေ ၉၄ (၁) လက်၊ ပွိုင့် ၃၈ ခြောက်လုံးပြူး(၁) လက် ပါသွားခဲ့သည်။

(၁၉) နံနက် ၄ နာရီ ၅၀ မိနစ်တွင် နယ်မြေ (၈) ရှိ အလယ်သံကျော် စခန်းအား အစွန်းရောက် ဘင်္ဂါလီအကြမ်း ဖက်သမားအင်အား(စိစစ်ဆဲ)မှ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ဒုလဝကမှူး ဇာမောင်း ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများမှာ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

(၂၀) နံနက် ၅ နာရီ ၁၀ မိနစ်တွင် နယ်မြေ (၈) ရှိ ဥဒေါင်း(နတလ) စခန်းအား အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားအင်အား ၁၀၀ မှ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အစွန်းရောက် ဘဂါင်္လီအကြမ်းဖက်သမားများမှာ နံနက် ၆ နာရီတွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

(၂၁) နံနက် ၇ နာရီ ၂၅ မိနစ်တွင် နယ်မြေ (၈) ရှိ နှာခေါင်းတို ချောင်းဝကင်းစခန်းအား အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားအင်အား(စိစစ်ဆဲ)မှ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

(၂၂ ) နံနက် ၄ နာရီ မိနစ် ၅၀ တွင် နယ်မြေ (၉) ရှိ သဝန်ချောင်း စခန်းအား အစွန်းရောက် ဘဂါင်္လီအကြမ်းဖက်သမားအင်အား ၁၀၀ ဦးခန့်က လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

(၂၃) နံနက် ၄ နာရီ မိနစ် ၅၀ တွင် နယ်မြေ (၉) ရှိ ကိုးတန်ကောက်စခန်းအား အစွန်းရောက် ဘင်္ဂါလီအကြမ်း ဖက်သမားအင်အား (စိစစ်ဆဲ)မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီ ၁၅ မိနစ်တွင် တပ်မတော်စစ်ကြောင်းများ ရောက်ရှိလာပြီး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၆ ဦး သေဆုံးခဲ့သည်။

(၂၄) နံနက် ၃ နာရီ မိနစ် ၄၀ တွင် နယ်မြေ (၁၀) ရှိ တောင်ဘဇားရဲကင်းစခန်းအား အစွန်းရောက် ဘဂါင်္လီအကြမ်းဖက်သမား အင်အား ၁၀ ဦးခန့်က လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား အလောင်း ၅ လောင်း ရရှိခဲ့ပြီး နံနက် ၅ နာရီ ၁၅ မိနစ်တွင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ ပြန်လည် ဆုတ်ခွာသွားသည်။

(၂၅) နံနက် ၄ နာရီ ၂၅ မိနစ်တွင် နယ်မြေ (၁၀) ရှိ ဖောင်တော်ပြင်စခန်းအား အစွန်းရောက် ဘဂါင်္လီအကြမ်းဖက်သမားအင်အား (စိစစ်ဆဲ) မှ သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒုရဲအုပ် အောင်မြင့်ဦးနှင့် ဒုတပ်ကြပ် စိုးဝင်းတို့ ၂ ဦး ကျဆုံးခဲ့ရကာ တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၂ ဦး သေဆုံးခဲ့သည်။

မောင်တောမြို့ပတ်လည်ရှိ ရဲစခန်း ရဲကင်းများအား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက သေနတ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁) နံနက် ၃ နာရီခွဲတွင် ရပ်ကွက် ၅ ရဲကင်းစခန်းအား အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၃ နာရီ ၃၅ မိနစ်တွင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားအင်အား အလုံးအရင်းအဖြစ် အော်ဟစ်ဝိုင်းလာသဖြင့် တပ်ဖွဲ့ဝင်များက ထပ်မံပစ်ခတ်ခဲ့ရသည်။

(၂) နံနက် ၃ နာရီခွဲတွင် ရွာသစ်ကေ ရဲကင်းစခန်းအား အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမား ၅ ဦးက လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၃) နံနက် ၃ နာရီခွဲတွင် မြို့ဝင်တံတား ရဲကင်းစခန်းအား အစွန်းရောက် ဘဂါင်္လီ အကြမ်းဖက်သမား ၅ ဦး က သေနတ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၄) နံနက် ၃ နာရီခွဲတွင် နတလ ရဲကင်းများအား အစွန်းရောက် ဘဂါင်္လီအကြမ်းဖက်သမားများက အချိန်ကိုက် လာရောက်တိုက်ခိုက်ရာ တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်သဖြင့် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာသွားခဲ့သည်။

(၅) နံနက် ၃ နာရီခွဲတွင် ယာဉ်ထိန်းရဲရုံးနှင့် မူးယစ်ရဲတပ်ဖွဲ့ရုံးများအတွင်းသို့ အစွန်းရောက် ဘဂါင်္လီ အကြမ်းဖက်သမားများက ဓာတ်ဆီပုလင်း (လက်လုပ်ဗုံး) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယာဉ်ထိန်းရဲရုံး ရှေ့ မြက်ခင်းမီးလောင်ခဲ့သည်။

(၆) နံနက် ၈ နာရီ ၅ မိနစ်တွင် ကျောက်ပန္တုရွာအနီးရှိ အရှည် ၈ ပေ၊ အကျယ် ၁၀ ပေရှိ ကွန်ကရစ်တံတားဟောင်းအား အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးခဲ့သည်။

ထိုသို့ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ ဒုလဝကမှူး ၁ ဦး စုစုပေါင်း ၉ ဦး သေဆုံးခဲ့ရပြီး လက်နက်ငယ် ၆ လက်၊ လက်ကိုင် ဆက်သွယ်ရေးစက် ၁ လုံး ဆုံးခဲ့ကာ လာရောက်တိုက်ခိုက်ခဲ့သည့် အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၆ ဦး သေဆုံးခဲ့သည်။

ကိုးကား-နိုင်ငံတော်၏အတိုင်ပင်ခံရုံးထုတ်ပြန်ချက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013