DVB Logo
Home
မြန်မာသတင်း
နေအိမ်တွင်း ၈၄ နှစ်အရွယ် အဘွားအိုအား ဝင်ရောက်ရိုက်နှက်လုယက်
DVB
·
August 25, 2017
နေအိမ်တွင်း ၈၄ နှစ်အရွယ် အဘွားအိုအား ဝင်ရောက်ရိုက်နှက်လုယက်
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက် ၃ မှာ သြဂုတ် ၂၄ ရက် မနက် ၂ နာရီလောက်က အသက် ၈၄ နှစ်အရွယ် အဘွားအိုတဦးကို နေအိမ်အတွင်း ဝင်ရောက်ရိုက်နှက် လုယက်မှုတခု ဖြစ်ပွားခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။

ဖြစ်ပွားပုံမှာ တရားလိုဟာ အဲဒီနေ့ မနက် ၆ နာရီက တဦးတည်း နေထိုင်တဲ့ မိခင်ဖြစ်သူ ဒေါ်လိုခွမ်းရီရဲ့ နေအိမ်ကို ထမင်းကျွေးဖို့ သွားခဲ့ရာ မိခင်ရဲ့မျက်နှာမှာ ဖူးရောင်ဒဏ်ရာတွေ ရှိနေတာကို တွေ့ရတာကြောင့် မေးမြန်းရာ မနက် ၂ နာရီလောက်က အပေါ်ထပ် အခန်းအတွင်း အိပ်ပျော်နေချိန် အမည်မသိ လူငယ်တဦး နေအိမ်ပေါ်တက်လာပြီး လည်ပင်းညှစ် ပိုက်ဆံတောင်းရာ မပေးတာကြောင့် မျက်နှာကို လက်သီးနဲ့ ထိုးလို့ ဒဏ်ရာတွေ ရရှိခဲ့ကာ အိပ်ခန်းထဲက သော့ခတ်မထားတဲ့ သေတ္တာထဲက ငွေ ၅ သိန်း ၆ သောင်းကျော်ကို ယူဆောင်သွားခဲ့တယ်လို့ ပြောပါတယ်။

“နေအိမ်ထဲဝင်ပြီး သက်ကြီးရွယ်အိုတွေကို ရိုက်လုတာ သြဂုတ် ၁၄ ရက်နေ့တုန်းက ၇၆ နှစ်အရွယ် အဘွားဒေါ်လှသိန်းပေါ့၊ ၁၁ ရက်ပဲ ခြားပါတယ်။ မိုးညှင်းမြို့မှာ လုယက်တာတွေဟာ အဘွားအရွယ်တွေကိုလည်း မကျန်ရ တော်တော်ဆိုးနေပြီ၊ မူးယစ်ဆေးကြောင့်ပဲ နေမှာလို့” ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

တရားခံ ဝင်းမြင့်အောင်(ခ)ရန်ကျိန်ရှင်း (၁၉-နှစ်)ကို မိုးညှင်းနယ်ထိန်းအဖွဲ့က ၁ နာရီ အတွင်း ဖမ်းဆီးနိုင်ခဲ့ပြီး တရားလို ဟော်ကျင်းလှံရဲ့ တိုင်ကြားချက်ကို အမှုစစ် ရဲအုပ်ညွန့်လှိုင်က မိုးညှင်းမြို့မရဲစခန်းမှာ (ပ)၁၂၈/၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆ နဲ့ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013