DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် လေဖြတ်ထားပြီး အိပ်ရာထဲ လဲနေသူအား ဓားဖြင့်ခုတ်
DVB
·
August 25, 2017
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ နယ်မြေ ၂ ရန်မျိုးအောင်ရပ်မှာ လေဖြတ်ပြီး အိပ်ရာထဲ လဲနေတဲ့ ဒေါ်မာမာအေးကို  သြဂုတ်လ ၂၄ ရက် ညနေပိုင်းက အမည်မသိတဦးက ဓားနဲ့ခုတ်သွားမှုတခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ အမည် နေရပ် မသိရတဲ့ လူတဦး နေအိမ်အတွင်း ဝင်ရောက်လာတယ်၊ အိပ်ခန်းတွင်းလဲနေတဲ့ ဒေါ်မာမာအေးက သိပြီး စကားမပီတပီနဲ့ အော်ဟစ်မိတယ်၊ အဲလူက ဓားနဲ့ခုတ်ပြီး ထွက်ပြေးသွားခဲ့တယ်ဆိုတာ ဇနီးဖြစ်သူက ပြောပြတာကြောင့် ဦးညိုတူးက တရားလိုလုပ်ပြီး အမှုလာဖွင့်တယ်လို့ မိတ္ထီလာအမှတ်-၂ ရဲစခန်းက ပြောပါတယ်။

ဒုရဲအုပ်လှမျိုးသူက “ဒေါ်မာမာအေးက မသွားနိုင်မလာနိုင်ဘူး၊ မျက်စိကောင်းတယ်၊ နားကောင်းတယ်၊ စကားမပီဘူး၊ ၂၀၁၄ ခုနှစ်ကစပြီး အိပ်ရာထဲ လဲနေတယ်။ အကြံတခုခုနဲ့ အိမ်ထဲဝင်လာသူက ဝဲဘက်နားရွက်ကို ဓားနဲ့ခုတ်သွားတယ်၊ ဦးညိုတူးအလုပ်က ပြန်လာမှသိတယ်။ မိတ္ထီလာဆေးရုံမှာ ဆေးကုနေရတယ်။ တရားခံဖြစ်သူကို စုံစမ်းရှာဖွေနေပါ တယ်" လို့ ပြောပါတယ်။

မိတ္ထီလာအမှတ်-၂ ရဲစခန်းက ဓားနဲ့ ခုတ်သွားသူကို အသက်အန္တရာယ်ပြု ပိုင်နက်ကျုးကျော်မှု၊ ပြင်းထန် ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ-၄၅၂/၃၂၆ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013