DVB Logo
Home
မြန်မာသတင်း
ရခိုင်ကော်မတီသစ်ထပ်ဖွဲ့မည်၊ မီးလောင်ရာလေပင့်မှုများ ရှောင်ကြဉ်ရန်တိုက်တွန်း
DVB
·
August 25, 2017
ရခိုင်ကော်မတီသစ်ထပ်ဖွဲ့မည်၊ မီးလောင်ရာလေပင့်မှုများ ရှောင်ကြဉ်ရန်တိုက်တွန်း
Donate to DVB

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို တာဝန်ယူအကောင် အထည်ဖော်မယ့် ပြည်ထောင်စုဝန်ကြီးအဆင့် ကော်မတီသစ်တရပ် ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ကြေညာပါတယ်။

မစ္စတာ ကိုဖီအာနန်ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာနဲ့ ပတ်သက်လို့  သြဂုတ်၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

အဆိုပါ ကော်မတီသစ်မှာ သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးမှ ကိုယ်စားလှယ်တွေ ပါဝင်စေမှာဖြစ်ပြီး ကော်မတီအသစ်ကို   ပြည်တွင်းနဲ့ပြည်ပက ကျွမ်းကျင်သူတွေပါဝင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးဘုတ်အဖွဲ့ တဖွဲ့နဲ့ အထောက်အကူ ပြုသွားမယ်လို့ဆိုပါတယ်။

အကြံပေးဘုတ်အဖွဲ့ဟာ ကော်မတီအသစ်ရဲ့ လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ရာမှာ အထောက်အကူပြုစေနိုင်မယ့်  ပြင်ပရှုထောင့်တွေနဲ့ အကြံဉာဏ်တွေကို ပံ့ပိုးပေးရမှာဖြစ်ပါတယ်။

မနေ့က ထုတ်ပြန်လိုက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာကော်မရှင်ရဲ့အစီရင်ခံစာမှာတော့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ မူဝါဒတွေ ပေါင်းစပ်ညှိနှိုင်းပေးတဲ့ တာဝန်ယူရတဲ့ ၀န်ကြီးအဆင့် တာဝန်ခံတဦးခန့်အပ်ဖို့၊  ၁၉၈၂ခုနှစ် နိုင်ငံသား ဥပဒေကို ပြန်လည်သုံးသပ်ဖို့၊ ရခိုင်ပြည်နယ် အတွင်း နေထိုင်သူအားလုံး လွတ်လပ်စွာသွားလာခွင့်ပြုဖို့နဲ့  အိုင်ဒီပီ စခန်းတွေပိတ်သိမ်းရေး၊  ပညာရေး၊ ကျန်းမာရေးနဲ့ တရားဥပဒေစိုးမိုးရေးကိစ္စတွေ အကြံပြု တိုက်တွန်းထားပါတယ်။

အစိုးရအနေနဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ အကြံပြုချက်တွေကို ပကတိ မြေပြင် အခြေအနေပေါ် မူတည်ပြီး  အပြည့်စုံဆုံးနဲ့ အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ အလေးအနက်ထားစဉ်းစားပြီး မကြာခင်မှာ အကောင်အထည်ဖော်ဆောင်ရေး ဆိုင်ရာ လမ်းပြမြေပုံတခု ချမှတ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာတာကို စိတ်မကောင်းဖွယ်ရာတွေ့မြင်ခဲ့ရပြီး ဖြေရှင်းဖို့ခက်ခဲနေခဲ့ရတဲ့ အခြေအနေကို မီးလောင်ရာ လေပင့်သည့်နှယ် ပိုမိုဆိုးရွားလာစေဖို့ အပြင်ဖက်က စွက်ဖက်တဲ့ အဖျက်အမှောက်တွေ မြင်တွေ့နေရတယ်၊ ရခိုင်ပြည်နယ်အရေးကိစ္စ ပိုမိုဆိုးရွားသွားစေမယ့် မီးလောင်ရာ လေပင့်တာတွေကို ရှောင်ကြဉ်ပြီး ပြဿနာဖြေရှင်းရေးကို အလေးထား အာရုံစိုက်ကြဖို့ အရေးကြီးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-ရခိုင်ကော်မရှင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013