DVB Logo
Home
မြန်မာသတင်း
ပရဟိတဂေဟာတခုမှ ထွက်ပြေးလာသည့် ကလေးငယ်များကို ထိန်းသိမ်းထား
DVB
·
August 25, 2017
Donate to DVB

ပရဟိတဂေဟာတခုကနေ ထွက်ပြေးလာတဲ့ ကလေးငယ် ၇ ဦးကို မုံရွာမြို့မှာ တွေ့ရှိထိန်းသိမ်းထားတယ်လို့ တိုင်းလူမှုဝန်ထမ်းဦးစီးဌာနက ပြောပါတယ်။

သြဂုတ်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက မုံရွာမြို့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေ လှည့်ကင်း ဆောင်ရွက်နေစဉ် ကားလေးကွင်း စံပြ-မော်လိုက်ကားဂိတ်မှာ အုပ်ထိန်းသူမပါဘဲ ခရီးသွားဖို့ ကြိုးစားနေတဲ့ အသက် ၁၃ နှစ်ကနေ ၁၅ နှစ်ထိရှိတဲ့ ယောကျာ်းလေး ၉ ဦးကို မသင်္ကာလို့ စစ်ဆေးမေးမြန်းတာကနေ ပရဟိတဂေဟာတခုက ထွက်ပြေးလာတာကို သိရှိခဲ့ရတာပါ။

တိုင်းလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က “ခု ကလေးတွေကိုတော့ သူတို့ ဘယ်ကလဲ၊ မိဘတွေ ရှိသေးလား။ ဘာလို့ ထွက်ပြေးလာတာလဲ။ ဒီကို ဘယ်လို ရောက်လာသလဲဆိုတာ စစ်မေးနေတုန်းပဲ။ လောလောဆယ်တော့ ဆားလင်းကြီးမြို့နယ်ထဲက ထနောင်းကုန်း ပရဟိတဂေဟာကို ပို့ဆောင်ထိန်းသိမ်းထားတယ်။ ကလေးတွေက တမူးက ၇ ယောက်၊ နာဂ ဆင်သေဘက်က ၂ ယောက်လို့ပဲ သိရသေးတယ်။ အသေးစိတ်တော့ မသိရသေးဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။

ကလေးတွေကို ကနဦးမေးမြန်းချက်တွေအရ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ ပရဟိတဟောတခုကနေ နှိပ်စက်ညှဉ်းပန်းမှုဒဏ်မခံနိုင်လို့ ထွက်ပြေးလာတာလို့ ပြောပါတယ်။

ကလေးတွေနဲ့ပတ်သက်ပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေး ခေါ်ယူကာ သူတို့ဆန္ဒအတိုင်း နေရပ်ပြန်ပို့ပေးတာတွေ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

ကနဦးအစီအစဉ်အရ မုံရွာမြို့၊ သလ္လာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှာ တပတ်တာ ယာယီ ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ တာဝန်ရှိသူတွေက သွားရောက်အပ်နှံခဲ့ပေမယ့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာက စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမှုမရှိတာကြောင့်ဆိုပြီး လက်မခံခဲ့တာကြောင့် ဆားလင်းကြီးမြို့နယ်ထဲက ထနောင်းကုန်း ပရဟိတဂေဟာကို ပို့ဆောင် ထိန်းသိမ်းထားတယ်။

မုံရွာမြို့၊ သလ္လာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာက လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု တတိယအဆင့် ရရှိထားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013