DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် မှုခင်းကျဆင်းရေး လုံခြုံရေးကင်မရာများ တပ်ဆင်မည်
DVB
·
August 25, 2017
စစ်ကိုင်းတိုင်းတွင် မှုခင်းကျဆင်းရေး လုံခြုံရေးကင်မရာများ တပ်ဆင်မည်
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း မှုခင်းကျဆင်းရေး လုံခြုံရေးကင်မရာတွေကို ဘတ်ဂျက်အပေါ် မူတည်ပြီး ဆောင်ရွက်မယ်လို့ နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်က ပြောပါတယ်။

ကလေးမြို့ဟာ မူးယစ်ဆေးဝါးတွေ တွင်တွင်ကျယ်ကျယ် ရောင်းဝယ်သုံးစွဲကာ ကြီးပွားချမ်းသာနေကြတဲ့မြို့ ဖြစ်တဲ့အပြင် လက်နက်မှု၊ လူသတ်မှု၊ အဓမ္မပြုကျင့်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာကြောင့် ရာဇဝတ်မှု လျော့ချရေး၊ ပြစ်မှုကျူးလွန်သူတွေ ဖမ်းဆီးရာမှာ အထောက်အကူ ဖြစ်စေရေးတို့အတွက် မြို့အနှံ့ လုံခြုံရေးကင်မရာတွေ တပ်ဆင်ပေးဖို့ အစီအစဉ် ရှိ၊ မရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က သြဂုတ် ၂၄ ရက် တိုင်းဒေသကြီးလွှတ်တော်မှာ မေးမြန်းခဲ့တာပါ။

နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်သန့်နိုင်က “ကလေးမြို့မှာ ရဲတပ်ဖွဲ့ဝင်တဦးက ပြည်သူ ၁၆၃၄ ဦးကို စောင့်ကြည့်နေရတဲ့ အနေအထားမှာရှိပြီး လုံခြုံရေးကင်မရာ တပ်ဆင်ပေးခြင်းအားဖြင့် ရဲလုပ်ငန်း လုပ်ဆောင်ရာမှာ အထောက်အကူပြုမှာမှန်ပေမယ့် အဲဒီအတွက် သီးခြားရန်ပုံငွေ ချပေးထားတာ မရှိကြောင်း၊ ကလေးမြို့မှာတင်မက မုံရွာ၊ ရွှေဘို၊ ကသာ၊ တမူး စတဲ့ အချက်အချာကျတဲ့ မြို့တွေမှာလည်း လုံခြုံရေးကင်မရာတွေ တပ်ဆင်ဖို့ မူအားဖြင့် သဘောတူပြီး ကုန်ကျစရိတ်များစွာ ရှိတဲ့အတွက် အစီအမံတွေ ရေးဆွဲတာ၊ ဘဏ္ဍာငွေ တွက်ချက်တင်ပြ တောင်းခံတာတွေ လုပ်ဆောင်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်ရယူကာ အဆင့်လိုက် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူတွေကို စောင့်ကြည့်တာ၊ ဖမ်းဆီးအရေးယူတာတွေမှာ ခေတ်နဲ့လျော်ညီတဲ့ လုံခြုံရေးကင်မရာတွေကို တပ်ဆင်ပေးထားခြင်းအားဖြင့် မှုခင်းကျဆင်းရေးကို ပိုမို အထောက်အကူပြုလာနိုင်မှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က “ဘတ်ဂျက်က သီးခြားလျာထားဖို့ မလိုဘူး။ ကလေးမြို့မှာ စနေ၊ တနင်္ဂနွေကလွဲရင် တရက်ကို ၂ ကြိမ် စည်းကမ်းမဲ့ယာဉ်တွေကို ဖမ်းဆီးနေတာ ရှိတယ်။ တနှစ်ပျမ်းမျှဝင်ငွေ ၂၀၁၆ ခုနှစ်က အမှုပေါင်း ၉၄၀၅ မှုမှာ ဒဏ်ကြေးငွေသိန်းပေါင်း ၂ ထောင်ကျော် ရခဲ့တယ်။ ဒီနှစ်မှာ ဇွန်လထိ အမှုပေါင်း ၃၄၃၆ မှုမှာ ဒဏ်ကြေးငွေ သိန်းပေါင်း ၇၆၀ ကျော်ရထားတယ်။ အဲဒီဝင်ငွေတွေကနေ ကလေးမြို့ မှုခင်းကျဆင်းရေးအတွက် အချက်အချာကျတဲ့ နေရာတွေမှာ လုံခြုံရေးကင်မရာ တပ်ဆင်ပေးဖို့ တောင်းဆိုတာပါ" လို့ ပြောပါတယ်။

ကလေးမြို့ဟာ ၅၉၂၆ ဒသမ ၃၃၃၅ ဧကကျယ်ဝန်းပြီး ရပ်ကွက် ၁၉ ခုမှာ လူဦးရေ ၁၂၁၉၅၃ ဦး နေထိုင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013