DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဖိတ်ကြားပါကတက်ရောက်မည်ဟု မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ကြေညာ
DVB
·
August 24, 2017
၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ဖိတ်ကြားပါကတက်ရောက်မည်ဟု မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ကြေညာ
Donate to DVB

 

ပြည်ထောင်စု နိုင်ငံရေးသဘောတူညီချက်တွေ ပေါ်ပေါလာနိုင်ရေးအတွက် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို အစိုးရက တရားဝင်ဖိတ်ကြားလာပါက ပါဝင်တက်ရောက်သွားမယ်လို့   မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့  ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) က ကြေညာလိုက်ပါတယ်။

သြဂုတ် ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ UWSA ဌာနချုပ် ပန်ခမ်းမြို့မှာ ကျင်းပပြုလုပ်တဲ့ ပထမအကြိမ် အမြဲတမ်းကော်မတီအစည်းအ၀းအပြီး ထုတ်ပြန်ကြေညာလိုက်တာပါ

၂၁ ရာစုပင်လုံဒုတိယအစည်းအဝေးကျင်းပစဉ် တုန်းက ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းတွေနဲ့ ပတ်သက်လို့  ထိတွေ့ဆက်ဆံနိုင်မယ့် အစိုးရကိုယ်စားပြုကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပေးမယ် ဆိုပြီး  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က  ပေးထားတဲ့ကတိကို အမြန်ဆုံး အကောင်အထည် ဖော်ပြီး ယင်းကိုယ်စားလှယ်အဖွဲ့နဲ့ တိုက်ရိုက်နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားဖို့ တိုက်တွန်းကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်အနေနဲ့ ထိုးစစ်ဆင်မှုတွေကို ချက်ချင်းရပ်တန့်ပြီး FPNCC အနေနဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းကာ တန်တူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အမခံချက်ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်သွားနိုင်ရေးအတွက် ဆွေးနွေးပွဲတံခါး အစဉ်ဖွင့်ထားကြောင်းလည်း ထုတ်ပြန်ပါ တယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင့်နိုင်ရေး အိမ်နီးချင်းတရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကလည်း ပိုမိုပါဝင်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့  ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မီတီ (FPNCC) ရဲ့ ပထမအကြိမ် အမြဲတမ်းကော်မီတီ အစည်းအ၀းကို သြဂုတ်လ ၁၈ ရက်နေ့က ၂၄ ရက်နေ့အထိ ၀ပြည်သွေးစည်းညီညွှန်ရေးဌာနချုပ် ပန်ခမ်းမြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ အဖွဲ့ ၇ ဖွဲ့မှ ကိုယ်စားလှယ် ၂၈ ဦးတက်ရောက်ခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ FPNCC အဖွဲ့ကို ဖွဲ့စည်းထားပေမယ့် အဲဒီအဖွဲ့ကို အစိုးရနဲ့ တပ်မတော်ဘက်က တရားဝင်ဆွေးနွေးတာ မရှိသေးပါဘူး။

FPNCC မှာ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကိုးကန့် (MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSA၊ မိုင်းလား NDAA၊ ရက္ခိုင့်တပ်မတော် AA စတဲ့အဖွဲ့တွေ ပါဝင်ပါတယ်။

UWSA ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC)ဟာ NCA လမ်းကြောင်းအတိုင်းမဟုတ်ပဲ အခြားနိုင်ငံရေး လမ်းကြောင်းအသစ်နဲ့ ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ထုတ်ပြန်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013