DVB Logo
Home
မြန်မာသတင်း
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းကို လွှတ်တော်နှစ်ရပ်စလုံး သဘောတူ
DVB
·
August 24, 2017
Donate to DVB

ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ရဲ့ အတည်ပြုချက် အတိုင်း အမျိုးသားလွှတ်တော်က သဘောတူလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်နဲ့ ပြန်လည်ပေးပို့လာတဲ့ ဒီဥပဒေကြမ်းကို အမျိုးသား လွှတ်တော်မှာ သြဂုတ် ၂၄ ရက်က ဆွေးနွေးဖို့ အမည်စာရင်းပေးသူမရှိ၊ ကန့်ကွက်သူလည်း မရှိတဲ့အတွက် အခုလို ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်တွေအတိုင်း အတည်ပြုလိုက်တာပါ။

ပုဒ်မ ၆၆(ဃ) ဖျက်သိမ်းဖို့ ဆွေးနွေးခဲ့တဲ့ စာရေးဆရာလည်းဖြစ်တဲ့ အမျိုးသားလွှတ်တော်အမတ်  ဦးရဲထွဋ်က “၆၆(ဃ)ကို တော့ မဖျက်သိမ်းဘူးပေါ့။ ဆက်ပြီးတော့ ရှိနေဦးမယ်။ အာမခံရသွားတာတခုပဲရှိတယ်။ ကျန်တာတွေကတော့ လွတ်လပ်စွာ ပြောဆိုခွင့်တော့မရှိဘူး။ လွတ်လပ်စွာရေးသားခွင့်လည်းမရှိဘူး။ မီဒီယာတွေရဲ့ လွတ်လပ်ခွင့်လည်းထိပါးမယ်။ သဘောက ဘာမှမထူးဘူး။ အာမခံရတာပဲ ရှိတယ်။ အာမခံရပြီးရင်စွဲချက်တင်ခံရတာနဲ့ ဖမ်းဆီးခံရနိုင်တယ်။ အဲဒါကတော့ အဓိကအတားအဆီးပေါ့။ အားလုံးက ပြောနေကျတာ၊ ကန့်ကွက်နေကျတာလည်း အဲဒီအတား အဆီးကြောင့်ပဲ”လို့ပြောပါတယ်။

ပြည်သူ့လွှတ်တော်ရဲ့ ပြင်ဆင်ချက်တွေကလည်း မထူးသလို ဆွေးနွေးလည်း မထူးနိုင်တော့ဘူးလို့  ကိုယ်စားလှယ်တဦးက ဆိုပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက “ပြည်သူ့လွှတ်တော်က ထောင် ၂ နှစ်လို့ ပြဋ္ဌာန်းလိုက်တဲ့ဟာသည် နဂိုရာဇသတ်ကြီးမှာပါတဲ့ဟာနဲ့ အတူတူ ပြန်ဖြစ်နေတယ်။ အဲတော့ ဘာထူးလည်း၊ မထူးတော့ဘူးဆိုပြီး ကျနော်တို့က ၆၆(ဃ)ကို ဒီမှာလည်း ထပ်ပြီး အတည်ပြုလိုက်တာပါ”လို့ ပြောပါတယ်။

အမျိုးသားလွှတ်တော်က မူလပြဋ္ဌာန်းချက်ဖြစ်တဲ့ ပြုလုပ်မှုတရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရရင် ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ အတည်ပြုထားပြီး ပြည်သူ့လွှတ်တော်က ၂ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်လို့ အတည်ပြုလိုက်တာပါ။

ဒီဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်ကို ဆက်လက်ပေးပို့ပြီး အတည်ပြုချက်ရယူရဦးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013