DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်လုံခြုံရေးအမြန်ဆောင်ရွက်ရန် အစိုးရအားတိုက်တွန်းသည့်အဆို ရှုံးနိမ့်
DVB
·
August 24, 2017
ရခိုင်ပြည်နယ်လုံခြုံရေးအမြန်ဆောင်ရွက်ရန် အစိုးရအားတိုက်တွန်းသည့်အဆို ရှုံးနိမ့်
Donate to DVB

ရခိုင်ပြည်နယ်မှာ ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး အစီအမံတွေချမှတ်ပြီး အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်းအဆိုနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ အဆိုရှုံးနိမ့်သွားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မှာ ဖြစ်ပေါ် နေတဲ့ ဘင်္ဂလီလူမျိုး အစွန်းရောက်အဖွဲ့အစည်းတွေရဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေကြတာဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ အသက်အိုးအိမ် လုံခြုံရေးတို့ကို များစွာထိပါးနှောင့်ယှက်လာတာဖြစ်လို့ ဒေသတွင်း ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေးအစီအမံတွေချမှတ်ကာ  အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ နိုင်ငံတော် အစိုးရအား တိုက်တွန်းကြောင်း ရသေ့တောင်အမတ် ဒေါ်ခင်စောဝေက အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုနဲ့ ပတ်သက်ပြီး ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေ အပါဝင် လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပြီး မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၅၀၊ ကန့်ကွက်မဲ ၂၃၂မဲ၊ ကြားနေမဲ ၆မဲနဲ့အဆို ရှုံးနိမ့်သွားပြီး မှတ်တမ်းတင်ထားဖို့သာ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013