DVB Logo
Home
မြန်မာသတင်း
အပိုဝင်ငွေရရှိရေး တနိုင်တပိုင် ဆိတ်မွေးမြူကြရန် မင်းလှတောင်းသူများကို တိုက်တွန်း
DVB
·
August 24, 2017
အပိုဝင်ငွေရရှိရေး တနိုင်တပိုင် ဆိတ်မွေးမြူကြရန် မင်းလှတောင်းသူများကို တိုက်တွန်း
Donate to DVB

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် တောင်သူတွေအနေနဲ့ အပိုဝင်ငွေရရှိအောင် တနိုင်တပိုင် ဆိတ်မွေးမြူရေး ပြုလုပ်ကြဖို့ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ပြောကြားလိုက်ပါတယ်။

တနိုင်တပိုင် စံပြဆိတ်မွေးမြူရေးခြံကို ၂၀၀၃ ခုနှစ်လောက်က ဆိတ်ကောင်ရေ ၅၀ နဲ့ စတင်မွေးမြူကာ လွှတ်ကျောင်းစနစ်နဲ့ မွေးမြူခဲ့ပါတယ်။

တနှစ်ကို နှစ်သားနှုန်း မွေးဖွားပြီး ဒေသနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်တွေ ရှာဖွေ မွေးမြူထားတယ်လို့ မင်းလှမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဆိတ်မွေးမြူရေးခြံတာဝန်ခံ ဒုဦးစီးအရာရှိ ဦးစိုးခိုင်က ဒီဗွီဘီကို ပြောပါတယ်။

“မင်းလှမြို့က ဆိတ်မွေးမြူရေးခြံဟာ မင်းလှမြို့နယ်ထဲမှာရှိတဲ့ ဒေသခံ တောင်သူတွေအတွက် စံနမူနာအနေနဲ့ ပြသနိုင်ဖို့ မွေးမြူထားတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်ခန့်က စတင်၍ NAG အစုအဖွဲ့နဲ့ ပူးပေါင်း၍ တောင်သူ ၁ ဦးကို ၁ သိန်းခွဲနှုန်းနဲ့ ဆိတ် ၅ ကောင်စာ အတိုးမဲ့ ထုတ်ချေးနေတာပါ။ ရရှိတဲ့ အကျိုးအမြတ်တွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အကောင်ထည်ဖော် ဆောင်ရွက်နေပြီး ဆိတ်မွေးမြူရေး လုပ်ငန်းဟာ တောင်သူတွေအတွက်သာမက စားသုံးသူအတွက်ပါ အကျိုးရှိတဲ့အပြင် စွန့်ပစ် အညစ်ကြေးတွေဟာလည်း ယာမြေတွေအတွက် သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်တဲ့ အတွက် တနိုင်တပိုင် ဆိတ်မွေးမြူရေးလုပ်ငန်းက အပိုဝင်ငွေ ရရှိအောင် မွေးမြူရေးလုပ်ကြဖို့ တောင်သူတွေကို ပြောချင်ပါတယ်။”

မွေးမြူထားတဲ့ တိရစ္ဆာန်တွေ ရောဂါမဖြစ်ပွားရေးအတွက် ကာကွယ်ကုသပေးတာတွေလည်း လုပ်ပေးနေတယ်လို့  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာတင်ဝင်းက ပြောပါတယ်။

“မင်းလှမြို့နယ်ထဲမှာ မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို ကာကွယ်ကုသတာ လုပ်တယ်၊ မျိုးကောင်းမျိုးသန့် ရရှိအောင် အကြံပြုတယ်၊ အစာအတွက် နေဗီယာ မြက်စိုက်ပျိုးနိုင်ဖို့ ကျေးလက်ဒေသတွေကို ဖြန့်ချိပေးနေတယ်။”

ဒါ့အပြင်  မင်းလှမြို့နယ်မှာ ကျွဲ၊ နွားတွေ ခွာနာလျှာနာရောဂါမဖြစ်ပွားအောင် နိုင်နိုင်နင်းနင်း ကာကွယ်ကုသပေးနေတယ်လို့ ဆိုပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013