DVB Logo
Home
မြန်မာသတင်း
ခိုင်မာသည့်ဈေးကွက် ရရှိရေး လက်ဖက်တောင်သူများ အစုအဖွဲ့ ဖွဲ့စည်း
DVB
·
August 24, 2017
ခိုင်မာသည့်ဈေးကွက် ရရှိရေး လက်ဖက်တောင်သူများ အစုအဖွဲ့ ဖွဲ့စည်း
Donate to DVB

လက်ဖက်စိုက်တောင်သူတွေအနေနဲ့ တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်ပြီး ခိုင်မာတဲ့ဈေးကွက် ရရှိအောင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း လက်ဖက်စိုက်တောင်သူများ အစုအဖွဲ့ကို သြဂုတ် ၂၃ ရက် မနက်က စတင်ဖွဲ့စည်းလိုက်တယ်လို့ လက်ဖက်စိုက်တောင်သူတွေက ပြောပါတယ်။

ဒေသထွက်ကုန် ခိုင်ခိုင်မာမာမရှိသေးတဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ လက်ဖက်ကို ဒေသထွက်ဖြစ်လာစေဖို့အတွက် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ဒုတိယပြည်နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ စပါးကိုပဲ အများဆုံးစိုက်ပျိုးရောင်းချမှု ရှိခဲ့ပါတယ်။ လက်ဖက်ကိုတော့ ဒုတိယ အများဆုံးစိုက်ပျိုးကြပြီး ခိုင်မာတဲ့ ဈေးကွက်မရှိလို့ ထုတ်လုပ်ရောင်းချမှု နည်းပါးခဲ့ပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ လက်ဖက်စိုက်တောင်သူ အစုအဖွဲ့အနေနဲ့ လက်ဖက်စိုက် တောင်သူတွေ အချင်းချင်း စိုက်ပျိုးရေးနည်းစနစ်နဲ့ စနစ်တကျ ဆွတ်ခူးထုတ်လုပ်ပြီး တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် စုပေါင်းအားနဲ့ ထုတ်လုပ်နိုင်ဖို့၊ လက်ဖက်မျိုးကောင်းမျိုးသန့်တွေ ဒေသအတွင်း ပိုမိုစိုက်ပျိုးပြီး ကုန်ကြမ်းပစ္စည်းကနေ ကုန်ချောထုတ်လုပ်ပြီး ပြည်ပနိုင်ငံတွေကို တင်ပို့ရောင်းချနိုင်ရေးနဲ့ ခိုင်မာတဲ့ဈေးကွက် ရရှိအောင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့တို့ကို ရည်ရွယ်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

“လက်ဖက်စိုက တပိဿာကို တထောင်၊ လက်ဖက်ခြောက်က တပိဿာကို ငါးထောင်ဈေးနဲ့ ရောင်းရပါတယ်။ ဈေးနှုန်းက ပုံမှန်မရှိဘူး။ ကုန်ကြမ်းရောင်းတာထက်စာရင် ကုန်ချောအဖြစ် ပြောင်းလဲရောင်းချတာ ဈေးကွက် ပိုရမယ် ထင်ပါတယ်” လို့ လက်ဖက်စိုက်တောင်သူတဦးဖြစ်တဲ့ ဦးကျဖီးက ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း လက်ဖက်စိုက်တောင်သူများအစုအဖွဲ့ကို ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မြို့နယ်တွေဖြစ်တဲ့ ကျိုင်းတုံ၊ တာချီလိတ်၊ တာလေစတဲ့ မြို့နယ်တွေက လက်ဖက်စိုက်တောင်သူတွေနဲ့ ဖွဲ့စည်းခဲ့တာပါ။

သတင်း-သားသား၊ ဓာတ်ပုံ-၀သုန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013