DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်နှင့် မောင်တောဒေသတွင် လာမည့်ဘဏ္ဍာနှစ် လျှပ်စစ်မီးပေးမည်
DVB
·
August 24, 2017
ဘူးသီးတောင်နှင့် မောင်တောဒေသတွင် လာမည့်ဘဏ္ဍာနှစ် လျှပ်စစ်မီးပေးမည်
Donate to DVB

 

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဒေသတွေကို လာမယ့်ဘဏ္ဍာနှစ်မှာ လျှပ်စစ်မီးပေး သွားမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေက ပြောပါတယ်။

သြဂုတ် ၂၄ ရက် ပြည်သူ့လွှတ်တော်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့မေးခွန်းတွေ ဖြေဆိုမှုအပြီး ဒီဗွီဘီသတင်းဌာနရဲ့ မေးမြန်းမှု အပေါ် ပြည်ထောင်စုဝန်ကြီးက ဖြေဆိုခဲ့တာပါ။

“အဓိကကတော့ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးပဲ။ အဲအတွက် လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ရခိုင်ပြည်နယ် ဗူးသီးတောင်နဲ့ မောင်တောဒေသတွေကို နိုင်ငံတော် ကနေ လျှစ်စစ်မီးပေးဖို့ လုပ်နေပါတယ်။ လျှပ်စစ်မီးရရင် အဲဒီဒေသကို ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်။ စက်ရုံ အလုပ်ရုံတွေ ဝင်လာမယ်။ အဲအခါမှာ ဒေသဖွံ့ဖြိုးတိုးတက်လာမယ်။ တည်ငြိမ်အေးချမ်းဖို့လည်း လိုတာပေါ့။ အစိုးရအနေနဲ့လည်း အဲဒီအတွက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ပြီးလုပ်နေပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက ဘင်္ဂါလီတွေနေထိုင်တဲ့ ကျေးရွာတွေရဲ့ လူဦးရေစာရင်း ကောက်ခံမှုတွေကို တစ်နှစ်နှစ်ကြိမ်စစ်တမ်းကောက်ယူမှုတွေ လုပ်နေတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013