DVB Logo
Home
မြန်မာသတင်း
နယ်​​မြေပိုင်းခြား သတ်​မှတ်​မှု ညှိညှိနှိုင်းနှိုင်း ​ဆောင်ရွက်​​စေလိုဟု ဒေါ်နန်းစေးအွာပြော
DVB
·
August 24, 2017
နယ်​​မြေပိုင်းခြား သတ်​မှတ်​မှု ညှိညှိနှိုင်းနှိုင်း ​ဆောင်ရွက်​​စေလိုဟု ဒေါ်နန်းစေးအွာပြော
Donate to DVB

တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား နယ်မြေပိုင်းခြား သတ်မှတ်တဲ့အဆင့် ဆွေးနွေးနေဆဲမို့ နှစ်ဦးနှစ်ဖက် ညှိညှိနှိုင်းနှိုင်းနဲ့ ဆောင်ရွက်မယ်ဆိုရင် ပြည်သူတွေအတွက် စိတ်ချမ်းသာစရာ ဖြစ်လိမ့်မယ်လို့ ပြည်နယ်အဆင့် ပစ်ခတ်ခိုက်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဒေါ်နန်းစေးအွာက ပြောပါတယ်။

သြဂုတ် ၂၃ ရက်နေ့ နေ့လယ် ၁ နာရီက ကရင်ပြည်နယ် ဘားအံမြို့ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ရုံးခန်းမှာ သတ္တမအကြိမ် အစည်းအဝေးမှာ အခုလို ပြောလိုက်တာပါ။

ဒေါ်နန်းစေးအွာက “ဒီကြားထဲမှာ အသံလေးတွေ နည်းနည်းထွက်လာပါတယ်၊ ဘာကြောင့်လဲဆို ကျမသိရသလောက်ကတော့ ကရင်အာဇာနည်နေ့ ကိစ္စရပ်တွေမှာ ပြီးခဲ့တဲ့ ကောင်းမှုမှာဖြစ်တဲ့ ကိစ္စတွေမှာ ကျမတို့ နယ်မြေပိုင်းခြား သတ်မှတ်တဲ့အဆင့်ကို ဆွေးနွေးနေဆဲဖြစ်တဲ့အတွက်ကြောင့် နှစ်ဦးနှစ်ဖက်ကလည်း ညှိညှိနှိုင်းနှိုင်းနဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ ကျမတို့ ဒေသခံပြည်သူတွေအတွက် ပိုပြီးတော့ စိတ်အေးချမ်းသာစရာ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနဲ့ တပ်မတော်က တာဝန်ရှိသူတွေ၊ ပြည်နယ်အစိုးရအဖွဲ့က တာဝန်ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းက တာဝန်ရှိသူတွေ၊ ပြည်နယ်အဆင့် ပစ်ခတ်ခိုက်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးကြပါတယ်။

သြဂုတ် ၁၆ ရက်ကနေ ၁၈ ရက်အထိ ဘားအံမြို့ သီရီဘားအံဟိုတယ်မှာ နယ်မြေပိုင်းခြားမှုနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီနဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013