DVB Logo
Home
မြန်မာသတင်း
ပဲစင်းငုံအစား တခြားပဲများကို ပြောင်းလဲစိုက်ပျိုးကြရန် ပဲနှမ်းကုန်သည်အသင်း အကြံပြု
DVB
·
August 24, 2017
Donate to DVB

အိန္ဒိယနိုင်ငံက ပြည်ပကနေ ပဲတင်သွင်းမှုအပေါ် မူဝါဒကန့်သတ်ချက်တွေ ပြုလုပ်လိုက်တာကြောင့်  ပြည်တွင်းပဲဈေးကွက်မှာ ပဲစင်းငုံ အရောင်းအဝယ် လတ်တလော ရပ်တန့်နေပြီး တောင်သူတွေအနေနဲ့ ပဲစင်းငုံအစား တခြားပဲတွေကို ပြောင်းလဲစိုက်ပျိုးကြဖို့  မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းကုန်သည်များ အသင်းက အကြံပြုထားပါတယ်။

အိန္ဒိယနိုင်ငံ အစိုးရက မြန်မာနိုင်ငံမှ တင်သွင်းနေတဲ့ ပဲစင်းငုံကို တန်ချိန် ၂ သိန်းသာ ဝယ်ယူတင်သွင်းဖို့နဲ့ မတ်ပဲနဲ့ ပဲတီစိမ်းကို တန်ချိန် ၃ သိန်းအထိသာ ဝယ်ယူတင်သွင်းဖို့ ကန့်သတ်လိုက်တာပါ။

ဒီအခြေအနေကြောင့် မြန်မာတောင်သူတွေအနေနဲ့ ပဲစင်းငုံအစား တခြားပဲတွေကို ပြောင်းလဲစိုက်ပျိုးကြဖို့ မြန်မာနိုင်ငံပဲမျိုးစုံနဲ့ နှမ်းကုန်သည်များအသင်းက အကြံပြု ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက ဈေးကောင်းရရှိခဲ့တဲ့ ပဲစင်းငုံကို အခုနှစ်မှာ တောင်သူအများစုက စိုက်ပျိုးခဲ့တဲ့အတွက် ပြည်တွင်းမှာ အထွက်နှုန်း များခဲ့တဲ့အပြင် လက်ရှိမှာ အိန္ဒိယနိုင်ငံရဲ့ ပဲဝယ်ယူမှု ကန့်သတ်ချက်ကြောင့် ဈေးနှုန်းကလည်း ထက်ဝက်ခန့် ကျဆင်းသွားတယ်လို့ မြန်မာနိုင်ငံ ပဲ၊ နှမ်း အသင်းရဲ့ အတွင်းရေးမှူး  (၁) ဦးစိုးပိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ပြည်တွင်းမှာ ပဲလက်ကျန် တန်ချိန် ၁ သိန်းနီးပါး ကျန်ရှိနေတဲ့အပြင် လက်ရှိမှာလည်း တန်ချိန် ၃ သိန်းနီးပါး ထွက်လာတာကြောင့် ပြည်တွင်းက သိုလှောင်သူတွေနဲ့ ပဲစင်းငုံ စိုက်ပျိုးသူတွေကို ထိခိုက်နိုင် တယ်လို့ ဆိုပါတယ်။

လတ်တလောမှာလည်း တခြား ပြည်ပဈေးကွက်တွေကို ပဲတင်ပို့မှုက ၅ ရာခိုင်နူန်းခန့်သာ ရှိတာကြောင့် ဈေးကွက်အသစ် ရှာရတဲ့အပေါ်မှာ အခက်အခဲတွေ ရှိနေတယ်လို့လည်း   မြန်မာနိုင်ငံ ပဲ၊ နှမ်းအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပဲစင်းငုံ ၁ တန်ကို ကျပ် သိန်း ၂၀  ကျော်ထိ ဈေးနှုန်း  ရရှိခဲ့ပြီး လက်ရှိမှာတော့ ၁ တတန်ကို ကျပ်  ၅ သိန်းဝန်းကျင် ဈေးနှုန်းနဲ့သာ ရောင်းချနေရပါတယ်။

လက်ရှိ မြန်မာနိုင်ငံက ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ပါကစ္စတန်၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့ကို တင်ပို့နေပြီး မြန်မာ့ပဲစင်းငုံ ၉၅ ရာခိုင်နူန်းခန့်ကို အိန္ဒိယနိုင်ငံက ဝယ်ယူနေတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013