DVB Logo
Home
မြန်မာသတင်း
YBS ဘတ်စ်ကားပေါ်တက်၍ ခြိမ်းခြောက် ငွေတောင်းသူ ၂ ဦးကို ဖမ်းဆီး
DVB
·
August 24, 2017
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် မီးခွက်ဈေးအနီးမှာ သြဂုတ် ၂၁ ရက် ညနေ ၆ နာရီဝန်းကျင်က YBS 20 ခရီးသည်တင် ဘတ်စ်ကားပေါ် တက်လာပြီး တုတ်ကိုင်ဆောင် ခြိမ်းခြောက် ငွေတောင်းခဲ့သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့က သတင်းထုတ် ပြန်ပါတယ်။

မီးခွက်ဈေးမှတ်တိုင်မှာ ခရီးသည် အတင်အချ ပြုလုပ်နေစဉ် အမည်မသိအမျိုးသား ၂ ဦးက ဝါးလုံးတုတ် ကိုင်ဆောင်ပြီး ယာဉ်ပေါ်ကို တက်လာကာ ယာဉ်မောင်းထံမှ ငွေ ၁၀၀၀ ကျပ် တောင်းရာ ယာဉ်မောင်းက သူ့ဆီမှာ မရှိကြောင်းနဲ့ ပိုက်ဆံပုံးအထဲသာ ထည့်စီးရကြောင်း ပြောဆိုရာ အမျိုးသား ၂ ဦးက ပိုက်ဆံမပေးရင် ရိုက်မယ်လို့ ခြိမ်းခြောက်ပြောဆိုပြီး ခရီးသည် ၂ ဦးဆီက ၂၀၀ ကျပ်တန် ၂ ရွက်ကို ယူဆောင်သွားခဲ့တာပါ။

ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးရမိဖို့အတွက် လှိုင်သာယာမြို့မရဲစခန်းက စုံစမ်းဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၃ ရက်ညနေမှာ  လှိုင်သာယာမြို့နယ်၊ (၁၄) ရပ်ကွက်နေ ရန်ရှင်း (၂၁-နှစ်)နဲ့ ထန်းတပင်မြို့နယ်နေ သီဟစိုး  (၃၀-နှစ်)တို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိသူ ရန်ရှင်းနဲ့ သီဟစိုးတို့ ၂ ဦးကို စစ်ဆေးနေပြီး အခြားလုယက်မှုများ ကျူးလွန်ထားခြင်း ရှိ၊ မရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013