DVB Logo
Home
မြန်မာသတင်း
“ထားစရာနေရာမရှိသူနဲ့ စားစရာမရှိတဲ့လယ်သမားဘယ်သူ့ဘက်ကိုပါမလဲ” ဦးဝင်းမြင့် (ရုပ်သံ)
DVB
·
August 23, 2017
“ထားစရာနေရာမရှိသူနဲ့ စားစရာမရှိတဲ့လယ်သမားဘယ်သူ့ဘက်ကိုပါမလဲ” ဦးဝင်းမြင့် (ရုပ်သံ)
Donate to DVB

သိမ်းဆည်းခံလယ်ယာမြေအမှုတွေနဲ့ပတ်သက်ပြီး ထားစရာနေရာမရှိတဲ့ သူနဲ့ စားစရာမရှိတဲ့ လယ်သမား ဘယ်သူ့ဘက်ကိုပါသွားမှာလဲလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က တရားရုံးတွေကို မေးခွန်းထုတ်လိုက်ပါတယ်။

သြဂုတ် ၂၃ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မှော်ဘီမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးမြန်းတဲ့ မြေသိမ်းခံရခြင်းနဲ့ သတ်သက်ပြီး လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်က စစ်ဆေးနေစဉ် မူလပိုင်ဆိုင်ထားသူတွေက သိမ်းဆည်းခံ လယ်သမားတွေကို တရားစွဲဆိုနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်တဲ့ မေးခွန်းအပေါ်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ထပ်ဆင့်မေးခွန်းထုတ်လိုက်တာပါ။

"တရားဥပဒေဆိုတာ မှန်ကန်မျှတတဲ့ စည်းမျည်း၊ စည်းကမ်း။ တရားဥပဒေဟာ မှန်ကန်မျှတတဲ့ အရာဖြစ်တော့ ဥပဒေမဲ့လည်း အသိမ်းခံရတဲ့ တရားလွှတ်တော်ချုပ်ဖြေသွားတဲ့ အထဲမှာကော၊ မေးခွန်းရှင်ရဲ့ မေးခွန်းမှာကော အသိမ်းသာခံရတယ်၊ လက်ရှိလုပ်ကိုင်နေမြဲဖြစ်တယ်၊ လက်ရောက်ပိုင်ဆိုင်မှုက ဘယ်သူ့လက်ထဲမှာရှိတာလဲ။ အဲတော့ ဒီလိုအမှုမျိုးကိုစွဲတာ စွဲတဲ့ ပုဒ်မ အင်္ဂါနဲ့ညီလား၊ မညီလား တရားရုံးက အလေးနက်ထား သတိထားရပါမယ်။ အင်္ဂါရပ်နဲ့ ညီရင်တော့ ဟုတ်တာပေါ့။ အခုအင်္ဂါရက်နဲ့ မညီဘဲ စွဲတာကို စွဲခွင့်ပြုမယ်ဆိုရင် အသိမ်းလည်းခံရသေး၊ အသိမ်းခံရသူက စားစရာမရှိဘူး။ သိမ်းတဲ့သူက ထားစရာနေရာမရှိဘူး။ အဲနှစ်ခုယှဉ်ပြီး တရားဥပဒေရဲ့ ရည်ရွယ်ချက်၊ စည်းမျဉ်စည်းကမ်းတွေ ဘယ်ရောက်သွားလည်း။ ပြီးရင် အဲတရားရုံးဘက်က ထားစရာမရှိတဲ့သူနဲ့ စားစရာမရှိတဲ့ လယ်သမား ဘယ်သူ့ဘက်မှာပါသွားမလဲ။. ကျွန်တော်တို့က ကိုယ်ချင်းစာ တရားထားဖို့တော့ကောင်းတယ်။ သူများကို ငါဒီလိုလုပ်မယ်ဆိုရင် ငါ့ကို အဲလိုလုပ်ရင်ခံနိုင်မလားဆိုတာကို အရင်ဆုံးစဉ်းစားပါ။ အဲဒါကိုယ်ချင်းစာတရားပဲ။ သူများတော့ လုပ်ချင်တာလုပ်မယ် အဲဒါသူများခံစေ၊ ငါ့ကို အဲလိုလုပ်ရင်တော့ နဲနဲလေးမှမခံဘူး။ အဲဒါ ကိုယ်ချင်းစာတရားမဟုတ်ဘူး။ ဥပဒေနဲ့ အညီဘဲ ဆောင်ရွက်စေချင်တယ်"

ဒါ့အပြင် မြန်မာနိုင်ငံအနှံ့က သိမ်းဆည်းခံလယ်ယာမြေအမှုတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုလာတဲ့အပေါ် တရားစွဲဆိုတဲ့ ပုဒ်မအင်္ဂါရပ်နဲ့ ညီညွှတ်မှုရှိမှသာ တရားရုံးတွေအနေနဲ့ လက်ခံစစ်ဆေးပြီး ကိုယ်ချင်းစာတရားထားကာ ဥပဒေနဲ့အညီ လုပ်ဆောင်ပေးဖို့ကိုလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြည်ထောင်စုတရားလွှတ်တော်ချုပ်နဲ့ သိမ်းဆည်းခံလယ်ယာမြေနဲ့ အခြားမြေများ ပြန်လည်စီစစ်ရေး ဗဟိုကော်မတီတို့ကို ညွှန်ကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013