DVB Logo
Home
မြန်မာသတင်း
လမ်းဖြတ်ကူးသည့် စက်ဘီးအား ဆိုင်ကယ်ဝင်တိုက်၍ စက်ဘီးစီးသူ သေဆုံး
DVB
·
August 23, 2017
Donate to DVB

မြိတ်မြို့၊ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းလမ်းမကြီးပေါ်တွင် သြဂုတ်လ ၂၂ ရက်နေ့၊ ည ၆ နာရီခွဲအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သိရပါတယ်။

ရှမ်းချောင်းလမ်းမကြီး ရွှေစင်မုန့်တိုက်ရှေ့မှာ အဝေးပြေးဝင်းဟောင်းဘက်မှ တိုင်းရုံးဘက်သို့ စိုးလှိုင်နှင်း (၂၅-နှစ်) မောင်းနှင်ပြီး နောက်မှာ လွင်ကိုဆင့်(ခ)သားဖြူ (၂၂-နှစ်) လိုက်ပါလာတဲ့ ဆိုင်ကယ်ဟာ လမ်းဖြတ်ကူးလာတဲ့ ဦးကံဦး (၅၁-နှစ်)ရဲ့ စက်ဘီးကို လမ်းလယ်ကြောမှာ ဝင်တိုက်ခဲ့တာပါ။

ဒုရဲအုပ် ကျော်ဆန်းဦးက “ဦးကံဦးက ရွှေစင်မုန့်တိုက်ဘက်ကနေ လမ်းတဖက်ကို စက်ဘီးနဲ့ ဖြတ်ကူးပါတယ်။ လမ်းလယ်ကြောအရောက်မှာ အဝေးပြေးဝင်းဟောင်းဘက်ကနေ တိုင်းရုံး ဘက်ကို မောင်းနှင်လာတဲ့ ဆိုင်ကယ်က ဝင်တိုက်တယ်၊ စက်ဘီးစီးသူ ဦးကံဦး အခင်းဖြစ်တဲ့ နေရာမှာ သေဆုံးသွားတယ်”လို့ ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် စက်ဘီးစီးသူ ဦးကံဦးတွင် ဦးခေါင်းထိခိုက်ဒဏ်ရာနဲ့ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးပြီး ဆိုင်ကယ်မောင်းနှင်သူ စိုးလှိုင်နှင်းမှာ ညာဘက်မျက်ခုံးကွဲဒဏ်ရာ၊ လွင်ကိုဆင့်မှာ မျက်နှာပွန်းပဲ့ဒဏ်ရာရရှိခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

ဆိုင်ကယ် အရှိန်ပြင်းစွာမောင်းနှင်ပြီး စက်ဘီးစီးသူကို ဝင်ရောက်တိုက်မိကာ လူကိုသေစေတဲ့အထိ မောင်းနှင်သူ စိုးလှိုင်နှင်းအား မြိတ်မြို့မ ရဲစခန်းမှ ယာဉ် (ပ)၆၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ အရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013