တောင်ပေါ်မြေက အင်းလေးအမွေအနှစ် ကိုယ်ပိုင်မူလတန်းကျောင်းကလေး (ဓာတ်ပုံ)
DVB
·
August 23, 2017
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် ချောင်းစောက်ကျေးရွာမှာ အင်းလေးအမွေအနှစ် ကိုယ်ပိုင် မူလတန်းကျောင်းကို ဖွင့်လှစ်ပြီး ဒေသခံတိုင်းရင်းသား ကျောင်းသူကျောင်းသား ၁၀၀ ကျော်လောက်ကို လက်ခံ ပညာသင်ကြားပေးနေပါတယ်။
ဒီစာသင်ကျောင်းလေးဟာ မြန်မာနိုင်ငံမှာရှိတဲ့ တခြားစာသင်ကျောင်းတွေနဲ့ ပုံစံမတူဘဲ ဒေသထွက် ဝါးတွေနဲ့ ထူးထူးခြားခြား ဒီဇိုင်းအလှဆင် တည်ဆောက်ထားတဲ့ စာသင်ကျောင်းလေးတခုလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ- အေးမိစံ