DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်တွင် စိတ်ကြွဆေးပြား ၆ သိန်းနီးပါး ဖမ်းမိ
DVB
·
August 23, 2017
ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်တွင် စိတ်ကြွဆေးပြား ၆ သိန်းနီးပါး ဖမ်းမိ
Donate to DVB

 

မြန်မာနိုင်ငံ တာချီလိတ်မြို့ တဘက်ကမ်း မယ်ဆိုင်မြို့ထဲမှာ ဒီကနေ့မနက် ၅ နာရီလောက်က ကားတစ်စီးပေါ်ကနေ ပစ်ချခဲ့တဲ့ စိတ်ကြွဆေးအလုံးပေါင်း ၆ သိန်းနီးပါး ဖမ်းဆီးရမိတယ်လို့  မယ်ဆိုင်မြို့နယ်ရဲတပ်ဖွဲ့အပြောကို ကိုးကားပြီး မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါ တယ်။

ဒီကနေ့မနက်စောစောက မယ်ဆိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေဟာ ဖဟွန်ယိုးထင်းလမ်းမကြီးပေါ်မှာ စစ်ဆေးရေးဂိတ်ချထားပြီး ယာဉ်အသွားအလာနဲ့ မူးယစ်ဆေးဝါးတွေ စောင့်ကြပ်စစ်ဆေးနေစဉ် ထိုင်းနိုင်ငံအတွင်းပိုင်းဘက်ကို ၀င်လာမယ့် အဖြူရောင်ဆလွန်းကားတစ်စီးကို လာနေတာ တွေ့ရကြောင်း၊ အဆိုပါကားဟာ စစ်ဆေးရေးဂိတ်မရောက်ခင် မီတာ ၁၅၀ ခန့်အလိုမှာတော့ ကားကိုရုတ်တရက် နောက်ကြောင်းလှည့်ပြန်ပြီး အမြန်မောင်းထွက်သွားတဲ့အတွက် ရဲတပ်ဖွဲ့ဝင် တွေက အနောက်ကနေလိုက်သွားခဲ့တယ်လို့ မယ်ဆိုင်မြို့မစခန်း ရဲမှူးကြီး ခုမ်းဆန် ဆအတ်လွန့်က သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါကားဟာ ပုန်ဖာရပ်ကွက် တူးမြောင်းပတ်လမ်းရောက်တော့ အထုတ်တွေ ကားပေါ်ကနေ ပစ်ချပြီး နမ့်စမ်းအိမ်ယာအနောက်ဘက်ကနေ ပတ်ပြီးထွက်ပြေးသွားကြောင်း၊  ကားပေါ်က ပစ်ချခဲ့တဲ့  အိတ်ပေါင်း ၅ အိတ်ရှိပြီး အတွင်းမှာ စည်းနှောင်ထားတဲ့ အထုတ်ပေါင်း ၂၈၉ ထုတ်ကို တွေ့ရှိကြောင်း၊  အထုတ်တွေ ဖြည်ကြည့်ရာမှာတော့  XO , XXX  နဲ့ 99  အမှတ်တံဆိပ်တွေ ပါဝင်တဲ့ စိတ်ကြွဆေးပြားအလုံးပေါင်း ၅၇၈,၀၀၀ (ငါးသိန်းခုနှစ်သောင်းရှစ်ထောင်)ကို တွေ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ မူးယစ်ဆေးတွေကို အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့လက်သို့ အပ်နှံထားပြီး ထွက်ပြေး သွားတဲ့ကားနဲ့ ကွင်းဆက်တွေ ဖမ်းဆီးအရေးယူဖို့  ဖြန့်ကျက်စစ်ဆေးနေတယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013