
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် ခေါင်းဆောင်တဲ့ ကော်မရှင်အဖွဲ့ဟာ ဒီကနေ့ သြဂုတ် ၂၃ ရက်မနက်က မြန်မာသမ္မတ ဦးထင်ကျော်ဆီထံ လာရောက်တွေ့ဆုံခဲ့ ပါတယ်။
တွေ့ဆုံအပြီးမှာ မစ္စတာကိုဖီအာနန်က နိုင်ငံတော်သမ္မတကို ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ပြည်သူ လူထုများအတွက် ငြိမ်းချမ်းမျှတ၍ သာယာဝပြောသော အနာဂတ်ပေါ်ထွန်းလာနိုင်ရေး ဦးတည်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာကို ပေးအပ်ခဲ့ပါတယ်။
တွေ့ဆုံမှာ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်မှူးကြီးကျော်ဆွေ၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်မှူးကြီးရဲအောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးသိန်းဆွေနဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး စသူတွေ ပါဝင်ခဲ့ပါတယ်။











