ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတုံးတွေနဲ့ ကျောက်စိမ်းလက်ကောက်တွေ တရားမ၀င် တင်ဆောင် ရပ်တန့်ထားတဲ့ မော်တော်ယာဉ်တစီးကို သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
သြဂုတ် ၂၂ ရက် မနက်က မြစ်ကြီးနား-ကာမိုင်း-ဖားကန့် သွားကားလမ်းရှိ နန့်တိန်းစစ်ဆေးရေးဂိတ်မှာ တပ်မတော်သားတွေက မော်တော်ယာဉ်တွေကို ရှောင်တခင်စစ်ဆေးစဉ် နန့်တိန်းကျေးရွာအ၀င်နားမှာ ရပ်တန့်ထားတဲ့ Haise အမျိုးအစား ယာဉ်နောက်ခန်းအတွင်းမှ ပိုင်ရှင်မဲ့ ကျောက်စိမ်းတွေ တွေ့ရှိခဲ့တာပါ။
သိမ်းဆည်းရမိခဲ့တဲ့ ကျောက်စိမ်းတုံးဆိုဒ်စုံ ၅၉၀ တုံး၊ သတင်းစာစက္ကူနဲ့ ထုပ်ပိုးထားတဲ့ ကျောက်စိမ်းလက်ကောက် ၂၁၅၄ ကွင်း (စုစုပေါင်းခန့်မှန်း ၇၂၀ ကီလိုဂရမ်ခန့်) ကို ကာမိုင်းနယ်မြေရဲစခန်းကို လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-CINCDS











