DVB Logo
Home
မြန်မာသတင်း
ကျိုက်ထို-ပဲခူးခရီးသည်တင် ဟိုင်းလပ်ယာဉ် တိမ်းမှောက်၊ ၁၁ ဦးဒဏ်ရာရ
DVB
·
August 23, 2017
Donate to DVB

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကမ်းနီးကျေးရွာအုပ်စု ခဝါချောင်းတံတားအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ သြဂုတ်လ ၂၂ ရက်နေ့က ကျိုက်ထို-ပဲခူး ဟိုင်းလပ်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကျိုက်ထိုဘက်က ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ဘက်ကို ယာဉ်မောင်း တင်ကျော်အောင် မောင်းနှင်လာတဲ့ ဟိုင်းလပ်အဖြူရောင်ယာဉ်ဟာ ခဝါချောင်းတံတားအနီးမှာ ယာဉ်မောင်း ဘယ်ဘက်တံခါး ပွင့်သွားတာလို့ ဆွဲပိတ်ချိန်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို ထိုးကျ တိမ်းမှောက်ခဲ့တာပါ။

သိမ်ဇရပ်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတဦးက “ယာဉ်က ကျိုက်ထို-သိမ်ဇရပ်-ပဲခူး ယာဉ်လိုင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားပါ။ ကားမောင်းနေရင်း ခေါင်းခန်းဘက်က ကားတံခါး ပွင့်သွားတာကို ယာဉ်မောင်းက ဆွဲပိတ်လိုက်တဲ့အချိန်မှာ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းဘေးကို ထိုးကျတိမ်းမှောက်သွားတာ အားလုံး ၁၁ ဦးလောက် ဒဏ်ရာရသွားတယ်”လို့ ပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါအ၀င် ခရီးသည် ၁၀ ဦးနဲ့ စုစုပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

သိမ်ဇရပ်နယ်မြေရဲစခန်းက ယာဉ်မောင်း တင်အောင်ကျော်ကို ယာဉ်မဆင်မခြင် မောင်းနှင်မှုပြီး ထိခိုက်ဒဏ်ရာရစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၂၇၉/၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013