DVB Logo
Home
မြန်မာသတင်း
ပ​​ခုက္ကူမြို့နယ်​တွင် ရေကြီးမှုကြောင့် စာသင်​​ကျောင်း ၄၀ ကျော်​ ပိတ်ထားရ
DVB
·
August 23, 2017
Donate to DVB

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေ တက်လာတာကြောင့် သြဂုတ် ၂၂ ရက် စာရင်းအရ စာသင်ကျောင်းပေါင်း ၄၄ ကျောင်း ပိတ်ထားရပါတယ်။

ဒါ့အပြင် ရေဝင် မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၆၂ ရွာက ရေဘေးလွတ်ရာကို ပြောင်းရွှေ့လာတဲ့ အိမ်ထောင်စုပေါင်း ၄၄၇၉ စု၊ လူဦးရေ ၂၀၄၃၈ ယောက် တိရစ္ဆာန်ပေါင်း ၉ ထောင်ကျော်ထိ ရှိနေပါတယ်။

မနေ့မွန်းလွဲ ၁၂ နာရီအချိန် တိုင်းထွာချက်အရ ပခုက္ကူမြို့မှာ ဧရာဝတီမြစ်ရေဟာ ၂၁၈၇ စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်အထက် ၃၇ စင်တီမီတာ ၁ ပေကျော်မှာ ရောက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013