DVB Logo
Home
မြန်မာသတင်း
စစ်အစိုးရလက်ထက်နိုင်ငံရေးကြောင့် အသိမ်းခံရသည့် ဈေးချိုဆိုင်ခန်းအစားပြန်ရ
DVB
·
August 22, 2017
စစ်အစိုးရလက်ထက်နိုင်ငံရေးကြောင့် အသိမ်းခံရသည့် ဈေးချိုဆိုင်ခန်းအစားပြန်ရ
Donate to DVB

 

နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်  စစ်အစိုးရလက်ထက်ကတည်းက  သိမ်းဆည်းခံခဲ့ရတဲ့ မန္တလေးဈေးချိုတော်က ဆိုင်ခန်းကို အစားပြန်ရပြီလို့ မန္တလေးတိုင်း အန်အယ်လ်ဒီ ဒု ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြက ပြောပါတယ်။

တမိသားစုလုံး နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ လက်ရှိ တိုင်း အန်အယ်လ်ဒီ ဒု ဥက္ကဋ္ဌ ဒေါ်ဝင်းမြမြရဲ့ မိသားစုပိုင်ဆိုင်တဲ့ အဆင့်မြင့် ဈေးချိုတော်ထဲက ဆိုင်ခန်းကို ၂၀၀၇ ခုနှစ် ဇွန်လမှာ စစ်အစိုးရက သိမ်းယူခဲ့တာပါ။

၂၀၁၆ ခုနှစ်မှာ လက်ရှိအစိုးရလက်ထက်ကျမှ   သမ္မတနဲ့ တိုင်းဝန်ကြီးချုပ်ဆီကို စာနဲ့တင်ပြခဲ့ပြီး ဝန်ကြီးချုပ်က ကော်မတီဖွဲ့ပြီး စိစစ်ခိုင်းခဲ့တယ်လို့ ဒေါ်ဝင်းမြမြက ပြောပါတယ်။

“ကော်မတီမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း ပါတယ်။ သူတို့ကလည်း ဒါဟာ နိုင်ငံရေးကြောင့် အသိမ်းခံခဲ့ရပါတယ်လို့ ထွက်ဆိုတယ်။ ပြီးတော့ ဝန်ကြီးချုပ်ဆီကို အစီရင်ခံစာတင်တယ်” လို့ ပြောပါတယ်။

သိမ်းခံခဲ့ရတဲ့ဆိုင်ခန်းကို လက်ရှိမှာ လေလံဆွဲပြီး ပိုင်ဆိုင်နေတဲ့သူရှိနေတဲ့အပြင် ဈေးချို မြေညီထပ်မှာလည်း အခန်းလွတ်မရှိတဲ့အတွက် တခြားဆိုင်ခန်းဆိုရင်လည်း လက်ခံပါ့မယ်လို့ ဝန်ကြီးချုပ်ကို ပြောခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

မနေ့ကတော့  မန္တလေးစည်ပင်သာယာ တွဲဘက်အတွင်းရေးမှူးက မန်းမြန်မာ ပလာဇာက ဆိုင်ခန်းတစ်ခန်းကို အစားထိုးပြန်ပေးဖို့ တယ်လီဖုန်းနဲ့ ဆက်သွယ်လာတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013