DVB Logo
Home
မြန်မာသတင်း
အချက်အလက်တိတိကျကျတိုင်ကြားရန် ရန်ကုန်ဝန်ကြီးချုပ်ကို မီဒီယာကောင်စီအကြောင်းပြန်
DVB
·
August 22, 2017
အချက်အလက်တိတိကျကျတိုင်ကြားရန် ရန်ကုန်ဝန်ကြီးချုပ်ကို မီဒီယာကောင်စီအကြောင်းပြန်
Donate to DVB

 

ရိုက်တာ သတင်းဌာနကို ရန်ကုန်တိုင်းဝန်ကြီးချူပ်ရဲ့ တိုင်ကြားချက်နဲ့ ပတ်သက်လို့ မှားယွင်းတဲ့အချက်အလက်ကို အတိအကျ တိုင်ကြားပေးဖို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက အကြောင်းပြန်ထားပြီး ဝန်ကြီးချုပ်ဆီက စာပြန်အကြောင်းကြားတာမရှိသေးဘူးလို့ မီဒီယာကောင်စီဝင် ဦးဇေယျာလှိုင်က ပြောပါတယ်။

ရိုက်တာသတင်းဌာနက ရေးသားခဲ့တဲ့ သတင်းတပုဒ်နဲ့ ပတ်သက်လို့ အချက်အလက်တွေ မှားယွင်းတယ်ဆိုပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက  သြဂုတ်လ ၁၃ ရက်နေ့ရက်စွဲနဲ့ သတင်းမီဒီယာ ကောင်စီထံ တိုင်ကြားထားခဲ့တာပါ။

ဒီတိုင်ကြားစာမှာ ဘယ်အချက်အလက်တွေဟာ မှားယွင်းတယ်ဆိုတာ သေသေချာချာ ဖော်ပြထားတာမရှိဘူးလို့ ဦးဇေယျာလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

“တိုင်ကြားစာကို ကျနော်တို့ ဖတ်ကြည့်တော့ ဘယ်အချက်အလက်က မှားယွင်းတယ်ဆိုတာကို မတွေ့ရဘူး။ တိုင်တယ်ဆိုရင် ဘယ်အချက်အလက်က ဘယ်လိုမှား တာကြောင့်ဘယ်လိုနစ်နာသွားတယ်။ အဲ့အတွက် ဘာဖြစ်ချင်တယ်ဆိုတာမျိုး သေချာရေးပေးရ တယ်။ အဲဒီ့အတွက် သတင်းမီဒီယာ နည်းဥပဒေ နောက်ဆက်တွဲပုံစံ (ခ) နဲ့ဖြည့်ပါလို့ အကြောင်းပြန်လိုက်ပါတယ်။ ယနေ့အချိန်ထိတော့ ပြန်လာတဲ့စာတော့ မရသေးဘူး”

ရန်ကုန်မြို့တွင်းပြေးဆွဲတဲ့ YBS ယာဉ်လိုင်းတွေမှာ အသုံးပြုဖို့ တရုတ်နိုင်ငံကနေ ဘတ်စ်ကားအသစ်တွေ တင်သွင်းရာမှာ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး ရိုက်တာသတင်းမှာ ရေးသား ဖော်ပြခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013