DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်တွင် မြန်မာလုပ်သား ၄၈ ဦးကို အလုပ်ရှင်က နှင်ထုတ်
DVB
·
August 21, 2017
ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင်တွင် မြန်မာလုပ်သား ၄၈ ဦးကို အလုပ်ရှင်က နှင်ထုတ်
Donate to DVB

 

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်းခရိုင် ထုန့်တကိုမြို့နယ်မှာ မြန်မာအလုပ်သမား ၄၈ ဦး   အလုပ်ရှင်ရဲ့ နှင်ထုတ်ခြင်းခံရတာကြောင့် တောထဲပုန်းရှောင်နေရတယ်လို့ Workpoint ထိုင်း သတင်းမှာ ဖော်ပြပါတယ်။

ယမန်နေ့ မနက် သန်းခေါင်ကျော်အချိန်က ထုန့်တကိုမြို့နယ် တကိုရပ်ကွက်တွင်းရှိ တောအုပ်ထဲ မှာ အထုတ်အပိုးတွေနဲ့ လူတစ်စုတွေ့ရှိကြောင်း ဒေသခံတွေ သတင်းပေးပို့ချက်အရ တာဝန်ရှိ သူတွေနဲ့အတူ သွားရောက်စစ်ဆေးကြည့်ရှုရာမှာ အသက် ၂၀ နဲ့ ၃၀ အရွယ်ကြား အမျိုးသား ၄၀ နဲ့ အမျိုးသမီး ၈ ဦးတို့ကို တွေ့ရှိရပြီး အားလုံးဟာ ကြောက်ရွံ့ထိန့်လန့် ဆာလောင် နွမ်းနယ်နေတဲ့ ပုံစံတွေ ဖြစ်နေတယ်လို့ ထွန့်တကိုမြို့နယ် လက်ထောက်အုပ်ချုပ်ရေးမှူး နိုင်းပရ မစ် ဖုပ်ဘွတ်က သတင်းထောက်တွေကို ပြောပါတယ်။

သူတို့အားလုံးမှာ ထိုင်းနိုင်ငံထဲ တရားဝင် ၀င်ရောက်လာတဲ့ ပတ်စပို့စာအုပ်ကိုယ်စီရှိပေ မယ့်လည်း ထိုင်းဘာသာစကားနားမလည်တာကြောင့် ဘာသာပြန်ခေါ်ပြီး စစ်ဆေးမေးမြန်းရာ မှာတော့ သူတို့ဟာ ထိုင်းနိုင်ငံထဲကို လွန်ခဲ့တဲ့ ရက်ပေါင်း ၂၀ လောက်ကမှ ၀င်ရောက်လာတာ ဖြစ်ပြီး ပွဲစားက ဒူးရင်းသီးစက်ရုံမှာ လာရောက်ပို့ဆောင်ထားတာဖြစ်ကြောင်း၊ အဲဒီမှာ လုပ်ခ တနေ့ကို ဘတ် ၃၀၀၊ အပိုချိန်လုပ်ရင် ဘတ် ၄ ရာထိရရှိကြောင်း၊ ဒါပေမယ့် ပြီးခဲ့တဲ့ ၁၉ ရက် ညနေ ၄ နာရီခွဲလောက်တော့ သူတို့လက်ကျန်လုပ်အားခတွေ အကုန်ရှင်းပေးပြီး အလုပ်ကနေ ထုတ်ပစ်လိုက်ကြောင်း၊ စက်ရုံမှာ ဆက်နေမယ်ဆိုရင် ရဲခေါ်ပြီး ဖမ်းခိုင်းမယ်လို့ပြောတဲ့အတွက်  သူတို့လည်း အထုတ်အပိုးတွေပြင်ပြီး ထွက်လာရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူတို့ဟာ ထိုင်းနိုင်ငံထဲ ၀င်လာတာမကြာသေးလို့ ထိုင်းစကားလည်းမတတ်၊ ဘယ်မှ လည်း မသွားတတ်မလာတတ်၊ တဘက်က ပလိပ်ဖမ်းမှာလည်းကြောက်လို့ တောထဲမှာ ပုန်းခို နေကြောင်း၊ စားစရာလည်း ထွက်မ၀ယ်ရဲတဲ့အတွက် တညလုံးဘာမှမစားရဘူးလို့ ဆိုပါတယ်။

ထုန့်တကိုမြို့နယ် လူမှုဖူလှုံရေးအဖွဲ့က သူတို့ကို အစာရေစာ လာပို့ပေးပြီး သူတို့ကို ခေတ္တ တည်းခိုခွင့်ပေးဖို့  ဒူးရင်းသီးစက်ရုံပိုင်ရှင်ကိုသွားပြောပေမယ့် စက်ရုံပိုင်ရှင်က ငြင်းပယ်ခဲ့ပါတယ်။

သူတို့ကို အလုပ်ဖြုတ်ရတာနဲ့ ပတ်သက်ပြီး စက်ရုံပိုင်ရှင်က “သူတို့ လျှောက်ထားတဲ့ အလုပ်သမားငှားရမ်းခွင့် ပါမစ်ကျလာတဲ့အခါမှာ အလုပ်သမားကတ်ရှိပြီးတဲ့ လူတွေရဲ့အမည်တွေ ဘဲပါကြောင်း၊ ဒီအသစ် ၄၈ ယောက်ကို ထပ်ပြီး ဝေါ့က်ပါမစ်လျှောက်ပေးရမယ်ဆိုရင် နောက်ထပ် ငွေတွေ အများကြီးစိုက်ပေးရမှာမို့ အလုပ်ကထုတ်ပစ်ရတာ”လို့ ပြောပါတယ်။

ဒါကြောင့် တာဝန်ရှိသူတွေက သူတို့ကို မြို့နယ်ရုံးမှာ ခေတ္တတည်းခိုနေရာချထားပေးခဲ့ပြီး သူတို့အနေနဲ့ ပတ်စပို့စာအုပ်ကိုယ်စီရှိတာကြောင့် အရေးယူခံရမှာမဟုတ်ကြောင်း၊ ဆက်လက် အလုပ်လုပ်ခွင့်ရ/ မရဆိုတာကတော့ အလုပ်သမားခန့်ထားရေးရုံးနဲ့ သက်ဆိုင်ပြီး ပတ်စပို့ပါ နေခွင့်သက်တမ်းကုန်ရင်တော့ ထိုင်းနိုင်ငံကနေ ပြန်ထွက်သွားရမှာဖြစ်တယ်လို့  တာဝန်ကျရဲ အရာရှိတဦးက ပြောသွားပါတယ်။  

ဓာတ်ပုံ - talonkao.com

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013