DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌသစ်ကို ရွေးချယ်ခန့်အပ်
DVB
·
August 21, 2017
ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌသစ်ကို ရွေးချယ်ခန့်အပ်
Donate to DVB

 

ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာခင်စည်သူအစား ဦးသောင်းဌေး ကို ရွေးချယ်ခန့်အပ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ကယားပြည်နယ် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားလှယ်လောင်းလျှောက်လွှာ အချိန်မီတင်သွင်းဖို့ ပျက်ကွက်ခဲ့မှုနဲ့ ဒေါက်တာခင်စည်သူကို တာဝန်ကနေ ရပ်ဆိုင်းကြောင်း ပါတီဗဟိုကဧပြီလ ၃ ရက်နေ့က  ကြေညာခဲ့ပါတယ်။

ဒီလို ရပ်ဆိုင်းပြီး ၃ လကျော်အကြာမှာ ဥက္ကဋ္ဌသစ်ကို ဗဟိုဦးစီးစနစ်နဲ့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပြည်နယ် အီးစီအဖွဲ့ဝင် ဒေါ်ရှားမူက ပြောပါတယ်။

“သူတို့ ဗဟိုကနေ ဆင်းလာတယ်လို့ပြောတယ်။ ဦးဝင်းထိန်မရှိတော့ ဦးမောင်မောင်ဦးရယ် ဦးဆောင်ပြီးတော့မှ ရွေးတာတာပေါ့။ ဦးမောင်မောင်ဦးက စီအီးစီတော့မဟုတ်ဘူး။ ဒါပေမယ့် စီအီးစီအဖွဲ့ဖြစ်တဲ့ ဦးဝင်းထိန်က လွှတ်တယ်ဆိုတော့ လုပ်ပိုင်ခွင့် ရှိတယ်ပဲ ပြောရမှာပေါ့။”

အသစ်ရွေးချယ်လိုက်တဲ့ ဥက္ကဋ္ဌသစ် ဦးသောင်းဌေးဟာ ကယားပြည်နယ် အလုပ် အမှုဆောင်အဖြစ် တာဝန်ယူလှုပ်ရှားခဲ့သူဖြစ်ပြီး ပါတီအတွက် ၀ါရင့်နိုင်ငံရေးသမားတဦးဖြစ်လို့  ရွေးချယ်လိုက်တာဟာ သင့်တော်တယ်လို့လည်း ဒေါ်ရှားမူက ပြောပါတယ်။

ဒါအပြင် လစ်လပ်နေတဲ့ ပြည်နယ်ဒု-ဥက္ကဋ္ဌနေရာကိုလည်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းထွေးသူကို ခန့်အပ်ထားပါတယ်။

ခုလို ဥက္ကဋ္ဌ သစ်ရွေးချယ်ခန့်အပ်မှုနဲ့ပတ်သက်ပြီး  ပါတီဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက အတည်ပြုပြောဆိုပါ တယ်။

“အရင် ဥက္ကဋ္ဌ ဖြုတ်တာက တခြားကိစ္စတခုလေ ပြီးသွားပြီလေ။ နှစ်လ သုံးလလောက်ရှိပြီ။ ဒါကို ကျန်တဲ့လူတွေက အခုဥက္ကဋ္ဌပြန်ပြီးတော့ သူတို့အချင်းချင်းကြားမှာ မဲပေးပြီးတော့ ရွေးထားတယ်။ အဲဒါပဲ။”

တာဝန်ကနေ ရပ်ဆိုင်းခံရသူ ဒေါက်တာခင်စည်သူကတော့ သူ့နေရာအတွက် ပါတီက သင့်တော်လို့ရွေးချယ်လိုက်တာကို လက်ခံပေမယ့် ချထားတဲ့မူအတိုင်းပဲဖြစ်စေချင်တယ်လို့ ပြောပါတယ်။

“ အခုအပြင်ကလူတွေလည်းပါလာတာ တွေ့ရတယ်လေ။ အပြင်ဆိုတာ ပြည်နယ် အီးစီမဟုတ်ဘဲအဖွဲ့ပါလာတာတွေ့ရတယ်လေ။ ဒါလုပ်ထုံးလုပ်နည်းတော့ မဟုတ်ဘူးလို့ ကျမမြင်မိတာပေါ့။ ပါတီစည်းကမ်းဆိုတာ ပါတီရဲ့အသက်ပဲလေ။ အဲဒီအသက်ဖြစ်တဲ့အတွက် အဲဒီစည်းကမ်းအတိုင်းကို တိတိကျကျလိုက်နာပြီး ရွေးစေချင်တယ်ပေါ့။ ပြည်နယ်ထဲက ပြန်ရွေးချယ်ခံရတဲ့ ဦးသောင်းဌေးကို ပြည်နယ်အီးစီဖြစ်တဲ့အတွက် ထောက်ခံရမှာပေါ့နော်။ အပြင်ကလူနာတယ်ဆိုရင်တော့ အန်အယ်ဒီရဲ့ စဉ်းမျဉ်းအရ ဟိုးအရင်ထူထောင်ခဲ့တဲ့ စည်းမျဉ်းအရဆိုရင်တော့ အခုလုပ်တာက မမှန်ဘူး။ ဒါကလည်း ဦးသောင်းဌေးက ကံကောင်းတာပဲ ပြောမလား၊ တိုက်ဆိုင်တာပဲ ပြောမလား သူကတော့ရသွာတာ ဘုရားကယ် လိုက်တယ်ပဲ သဘောထားရမှာပေါ့။ ”

ဒီလိုဥက္ကဋ္ဌသစ်မရွေးခင် ဥက္ကဋ္ဌနေရာအတွက် ဗဟိုက လူ ၅ ဦးကို စာရင်းပေးသွင်း ရွေးချယ် စေခဲ့ပြီးနောက်ပိုင်း ပြည်နယ်တာဝန်ရှိသူတွေက ၀ါရင့်လုပ်ဆောင်သူ ဦးသောင်းဌေးကိုပဲ ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013