DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးမြို့ပေါ်တွင် ရှေးဟောင်းဘုရားတစ်ဆူ ခိုးယူခံရ
DVB
·
August 21, 2017
ဆားလင်းကြီးမြို့ပေါ်တွင် ရှေးဟောင်းဘုရားတစ်ဆူ ခိုးယူခံရ
1 / 5
Donate to DVB

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့ အမှတ် ၂ ရပ်ကွက် အောင်ချမ်းသာ ဘုရားဝင်းအတွင်းရှိ နှစ်ပေါင်း ၁၅၀ခန့်ရှိ ရှေးဟောင်း ကျောက်ဆင်းထုတစ်ဆူ ဩဂုတ် ၂၀ရက်က ခိုးယူခံရပါတယ်။

ဘုရားခိုးယူခံရမှုကို ဂေါပကဥက္ကဋ္ဌ ဦးသန်းထွန်းက ဘုရားဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးစဉ်မှာ အောင်ချမ်းသာစေတီဝင်ပေါက်ရှိ ၄ပေ×၃ပေ ခန့်ရှိ လှိုဏ်ဂူအတွင်း တည်ထား ကိုးကွယ်ထားတဲ့ အမြင့် ၃ပေခန့်ရှိတဲ့ ရွှေချထားတဲ့ ထိုင်တော်မူ ကျောက်ဆင်းထုတစ်ဆူ ပျောက်ဆုံးနေတာကို တွေ့ရှိခဲ့ပြီး ဆားလင်းကြီးမြို့မစခန်းကို သွားရောက်တိုင်ကြားခဲ့တာပါ။

ကျောက်ဆင်းတု ၃ဆူ အပူဇော်ခံထားရာက အလယ်တစ်ဆူထဲကိုသာ ခိုးယူခံခဲ့ရတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့မရဲစခန်းက စခန်းမှုး ဒုရဲမှူး ဂျော်နီသိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မအားသေးလို့ဆိုပြီး ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

ဒီအမှုနဲ့ပတ်သက်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/၂၉၅ အရ ဆားလင်းကြီး မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဆားလင်းကြီးမြို့မရဲစခန်းက သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013