DVB Logo
Home
မြန်မာသတင်း
လှိုင်​သာယာစက်မှုဇုန် ​DJY​ခြေအိတ်​စက်​ရုံက အလုပ်သမား ဆန္ဒပြ
DVB
·
August 21, 2017
လှိုင်​သာယာစက်မှုဇုန် ​DJY​ခြေအိတ်​စက်​ရုံက အလုပ်သမား ဆန္ဒပြ
1 / 3
Donate to DVB

 

လှိုင်သာယာစက်မှုဇုန် DJY ခြေအိတ်စက်ရုံက အလုပ်သမား ၂၀၀ ကျော်ဟာ အလုပ်သမားသမဂ္ဂခေါင်းဆောင်ကို အလုပ်ပြန်ခန့်ပေးဖို့ တောင်းဆို ဆန္ဒပြနေပါတယ်။

DJY ခြေအိတ်စက်ရုံက အလုပ်သမား ၂၂၀ ကျော်ဟာ သြဂုတ်လ ၇ ရက်နေ့ကတည်းက စက်ရုံရှေ့မှာ ဆန္ဒဖော်ထုတ်နေတာဖြစ်ပြီး ဒီနေ့နဲ့ဆို ၁၃ ရက်ရှိပြီဖြစ်ပါတယ်။

ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုစိုးသူရကိုက “အလုပ်သမားတွေတောင်းဆိုတဲ့ အချက် ၁၅ ချက် အဆင်ပြေတယ်။ နောက်ဆုံးတခုဖြစ်တဲ့ သမဂ္ဂခေါင်းဆောင်ကို အလုပ်ပြန်ခန့်ဖို့ကို ညှိလို့ မရသေးဘူး။ အလုပ်သမားတွေအနေနဲ့ကတော့ တောင်းဆိုချက်တွေ အကုန်မရမချင်း ဆက်ပြီး ဆန္ဒပြဖို့ ရည်ရွယ်ထားတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။

DJY ခြေအိတ်စက်ရုံမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းဖို့ ကြိုးစားနေချိန် သမဂ္ဂဥက္ကဋ္ဌကို အလုပ်က ထုတ်ပယ်လိုက်တဲ့အတွက် ဆန္ဒပြတောင်းဆိုတာတွေ ဖြစ်လာတာပါ။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013