DVB Logo
Home
မြန်မာသတင်း
ကျောက်စရစ်ထုတ်လုပ်ခွင့် ရပ်နားထားသဖြင့် ဒေသခံသောင်းချီ စားဝတ်နေရေး အခက်ကြုံ
DVB
·
August 21, 2017
ကျောက်စရစ်ထုတ်လုပ်ခွင့် ရပ်နားထားသဖြင့် ဒေသခံသောင်းချီ စားဝတ်နေရေး အခက်ကြုံ
1 / 5
Donate to DVB

 

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်နဲ့ မင်းလှမြို့နယ်တို့မှာ မြစ်ကျောက်စရစ်ထုတ်လုပ်ခွင့်နဲ့ နယ်ကျော်ရောင်းချခွင့်တွေ ရပ်နားထားတဲ့အတွက် ကျောက်ကွင်းကို မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ ပြည်သူ ၁ သောင်းကျော် စားဝတ်နေရေး အခက်ခဲဖြစ်နေတယ်လို့ ဒေသတွေက ပြောပါတယ်။

မကွေးမြို့နယ် မီးကျောင်းရဲမှ မြစ်ကျောက်စရစ် အလုပ်သမားခေါင်းဆောင် မယုယုထွေးက “လုပ်ငန်းဖြစ်တဲ့အချိန်မှာ တနေ့ကို ၅၀၀၀ ကျပ်လောက် ဝင်ငွေရရှိကြပြီး အလုပ်တွေ နားထား ရတော့ အလုပ်သမားတွေလည်း အဆင်မပြေဘူး။ ဈေးသည်တွေရော၊ မော်တော်သမားတွေရော ဘယ်သူမှ အဆင်မပြေကြဘူး၊ မြန်မြန်ပြန်ဖွင့်ပေးစေချင်ပါတယ်။ ဒီဒေသရှိ လူတိုင်းရဲ့ဆန္ဒလည်း ဒီလိုပဲ” လို့ ပြောပါတယ်။

မီးကျောင်းရဲမှ ကျောက်စရစ်လုပ်သား ထွန်းထွန်းနိုင်က “အလုပ်က တနှစ်ကျော်လောက် ပိတ်ထားတဲ့အတွက် မော်တော်တွေလည်း နားနေရပြီး အလုပ်သမားတွေလည်း ကစဥ့်ကလျားတွေနဲ့ အလုပ်လက်မဲ့တွေ ဖြစ်ကုန်ကြကာ ဒီလုပ်ငန်းကို ဧရာဝတီမြစ် ကမ်းနှစ်ဘက်ရှိ ကျေးရွာပေါင်း ၂၀ လောက်နဲ့ အခြားဒေသမှလည်း လာရောက်မှီခို လုပ်ကိုင်စားသောက်ကြတယ်” လို့ ပြောပါတယ်။

“ဝယ်ကိုဝယ်မစားနိုင်ကြတော့တာ၊ အလုပ်လက်မဲ့ဖြစ်ကာ လက်ထဲမှာ ပိုက်ဆံမရှိကြတော့လို့ ကျောက်ကွင်းရှိတော့ အစဉ်ပြေတာပေါ့။ ဘေးနယ်က အလုပ်သမားတွေပါ ရောင်းရတယ်။ ခုတော့ မြင်တဲ့အတိုင်းဘဲ ခြောက်ကပ်ပြီး ဈေးသည်တွေ ငုတ်တုတ် မေ့နေကြပြီ” လို့ မီးကျောင်းရဲမြို့မှ ဈေးသည် ဒေါ်အေးက ပြောပါတယ်။

လွှတ်တော်စားလှယ်တွေလာပြီး ရုံးထဲမှာ အစည်းဝေးလုပ်တော့ ဒီဟာကို လွှတ်တော်တင်ထားပြီး လုပ်ကိုင်ခွင့်ရအောင် ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ပြီး အခက်ခဲတွေ မေးမြန်းရာ အရင်ကလို ဈေးရောင်းဈေးဝယ် မကောင်းတဲ့အတွက် ကျောက်ကွင်းကို အမြန်ဆုံး ဖွင့်ပေးဖို့ တင်ပြခဲ့တယ်လို့ မိကျောင်းရဲမြို့ ဈေးသည် မနှင်းရီက ပြောပါတယ်။

တချို့လုပ်ငန်းရှင်တွေက မော်တော်တွေကို ငွေတိုးနဲ့ ချေးငှားဝယ်ယူလုပ်ကိုင်ကြရပြီး အလုပ်ဗြုန်းစားကြီး ရပ်လိုက်ရတော့ အရင်းပြုတ်ကာ မိကျောင်းရဲဆိပ်ကမ်းမှာ ကျောက်ချထားတဲ့ လုပ်ငန်း သုံးမော်တော်( ၅) စီး နှစ်မြုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အလုပ်မရှိတော့ စားရေးသောက်ရေး၊ ကျန်မာရေး ဘယ်သူမှ အဆင်မပြေကြဘူး။ တောင်သူ လုပ်ငန်းကလည်း အဆင်မပြေကြဘူး။ အလုပ်မရှိလို့ မော်တော်ကို ကမ်းနားမှာ ကျောက်ချထားရတယ်။ မော်တော်ရဲ့ ရင်းနှီမြှုပ်နှံမှုက ငွေကျပ် သိန်း ၆၀ လောက်နဲ့ ဝယ်ယူ လုပ်ကိုင်ခဲ့တာလို့ ပေတော (ကန္နား) အုပ်စု ကိုင်းကျေးရွာ က ဦးတင်စိုး က ပြောပါတယ်။

မင်းလှမြို့နယ်ကိုင်းကျေးရွာမှ ဦးဝင်းလှိုင်က “အခက်ခဲမျိုးစုံ ရင်ဆိုင်နေကြရတဲ့အတွက် သြဂုတ် ၁၇ ရက်နေ့က ဝန်ကြီးချုပ်နဲ့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လိပ်မူပြီး မြစ်ကျောက်စရစ် ထုတ်လုပ်ခွင်နဲ့ နယ်ကျော် ရောင်းဝယ်ခွင့် ရရှိနိုင်ဖို့ အသနားခံစာ တင်ထားပြီး စည်းကမ်းချက်နဲ့ ခွင့်ပြုပေးပါက လိုက်နာဆောင်ရွက်သွားမယ်”လို့ ပြောပါတယ်။

အဆိုပါ မြစ်ကျောက်စရစ်လုပ်ငန်းဟာ ဧရာဝတီမြစ်အတွင်းက စုပ်ယူထုတ်လုပ်ကြတာ ဖြစ်ပြီး ဧရာဝတီမြစ်ကူးတံတား (မလွန်) ရဲ့ မြစ်အောက် ၁.၅ မိုင်လောက်အကွာမှာ မြစ်အတွင်း ကျောက်စုပ်ယူတာ၊ ရွှေကျင်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေရာ ထိခိုက်မှုတစုံတရာ မရှိသေးပေမယ့်လည်း တံတားရေလည်တိုင် ရေတိုက်စားမှုမရှိစေဖို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ တင်ပြချက်အရ ၁၁.၁၁.၂၀၁၆ တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယာယီရပ်နားဖို့ အကြောင်းကြားစာ ပို့ခဲ့တာဖြစ်ပါတယ်။

ဒီနေ့အချိန်ထိ လုပ်ကိုင်ခွင့် မရရှိသေးတဲ့အတွက် အမြန်ဆုံး လုပ်ခွင့်ရရှိဖို့ မျှော်လင့်နေကြကြောင်း မကွေးမြို့နယ်နဲ့ မင်းလှ မြိုနယ်ရှိ မြစ်ကျောက်စရစ်လုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်စားသောက်နေတဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း-မင်းထီး

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013