DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ဒီဗွီဘီသတင်းသမားများရိုက်ကူးထားသည့် အချက်အလက်များဖျက်ဆီးခံရ (ရုပ်သံ)
DVB
·
August 21, 2017
ဖမ်းဆီးခံ ဒီဗွီဘီသတင်းသမားများရိုက်ကူးထားသည့် အချက်အလက်များဖျက်ဆီးခံရ (ရုပ်သံ)
Donate to DVB

သီပေါအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒီဗွီဘီ သတင်းထောက်တွေ ရိုက်ကူးထားတဲ့ ရုပ်သံ အချက်အလက်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ဖမ်းဆီးခံထားရတဲ့ ဒီဗွီဘီ အကြီးတန်း သတင်းထောက် ဦးအေးနိုင်ကပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၈ရက်နေ့  သီပေါမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် မှာပြောကြားခဲ့ တာဖြစ်ပါတယ်။

ပြောကြားချက်အပြည့်အစုံ

“ဖမ်းဆီးတဲ့ညနေမှာ ကျနော်တို့ကို စစ်တယ်။ စစ်တာကတော့ တပ်မတော်ကစစ်တာက ကျနော်တို့ဒါ လက်ခံရမှာပဲလေ။ စစ်ပြီးတဲ့အခါမှာ ကျနော့်ကို ပြောတယ်။ ဦးအေးနိုင်တဲ့ ဦးအေးနိုင် ဖုန်းထဲက ပထမ ပြန်လွှတ်ပေးမယ်ဘာညာပေါ့နော်။ ကျနော်တို့က မလွှတ်ပေးရင်နေ ဌာနကို အကြောင်းကြားချင်တယ်။ အိမ်ကို အကြောင်းကြားချင်တယ်။ ဘာဖြစ်နေလဲဆိုတာ လေးတော့ ပေးသိ။  ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါနဲ့ ဆိုပြီးတော့ ဒီပုဂ္ဂိုလ်ပဲ ကျနော့်ကို ကတိပေးတယ်။  ရမယ် ခဏခဏဆိုပြီးတော့ ၃ နာရီခွဲလောက်ကနေပြီးတော့ request လုပ်လိုက်တာက ၆ နာရီခွဲ နောက်နေ့လည်းမရ၊ နောက်နေ့လည်းမရ ဖြစ်သွားတယ်။ ဒါက တခု။”   

“နောက်တခုက အဲဒီနေ့ ညနေမှာ ကျနော်က ပြောတယ်။ data တွေယူမယ်ဆိုရင်လို့ရှိရင် ၀တ္တရားအရ ယူမယ်ဆိုရင်ယူ။  သူက ပြောတယ်။ ဖျက်မယ်တဲ့။ ဖျက်တာတော့ မဖျက်နဲ့ ကျနော် လက်မခံနိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်ပင်ပင်ပန်းပန်းသွားရိုက်ထားတာလေ။ ကျနော် သတင်းသွားမေးထားတာ။ ကျနော်အများကြီးရန်ကုန်ကနေ လာရတာ။ မဖျက်နဲ့ဆိုတော့ အထက်အမိန့်တဲ့။ အထက်အမိန့်ဆိုတော့လည်း ကျနော်တို့ ဘာမှ လုပ်လို့မရဘူးလေ။ ဆိုလိုတဲ့ သဘောကတော့ဗျာ။ တကယ်ဆိုလို့ရရှိရင် ဥပဒေအရဆိုရင် မဖျက်သင့်ဘူးလို့ ကျနော်ထင်တာ ပေါ့။ ဒါကျနော်တို့ တရားခွင်မှာလည်း သေချာပြောနေပါတယ်။ အဲဒီ တီအန်အယ်အေမှာသွားတဲ့ ခရီးစဉ်တွေ အကုန်လုံး ဖျက်တယ်လို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့ကိုယ်တိုင်၊ ကျနော်တို့ ရှေ့မှာ ရှာဖွေပုံစံနဲ့ သိမ်းတာတို့ ဖျက်တာတို့ ဘာမှ လက်မှတ် မထိုးရဘူး။ သူ့သဘောနဲ့သူ ယူတယ်ဆိုတဲ့သဘောပဲ။ ကျနော်တို့က ဟိုအရင်ခေတ်ကို ပြန် ရောက်သွားသလိုဖြစ်သွားတယ်။ ဟိုအရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ ခေတ်တုန်းကလိုမျိုးပဲလေ။ အဲဒီခေတ်ကာလလိုမျိုး ပြန်ဖြစ်သွားတယ်လို့  ခံစားရတာပေါ့ဗျာ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013