DVB Logo
Home
မြန်မာသတင်း
အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိမ်းမှောက်ရာမှ တရားမဝင်ကျွန်းသစ်များ ဖမ်းမိ
DVB
·
August 21, 2017
Donate to DVB

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၃/၄ နဲ့ ၁၃/၅ ကြားမှာ သြဂုတ် ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ယာဉ်တစီး တိမ်းမှောက်ရာက တရားမဝင် ကျွန်းသစ်တွေ တွေ့ရှိ ဖမ်းမိခဲ့တယ်လို့ အမှတ်-၃ အမြန်လမ်းမကြီးရဲတပ်ဖွဲ့စခန်းက သိရပါတယ်။

နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်လာတဲ့ GRAND HIACE ခဲဖြူရောင်ယာဉ်ဟာ ဘီးပေါက်ပြီး မြေသားလမ်းမပေါ်ကို တိမ်းမှောက်သွားခဲ့တာပါ။ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှာ တရားမဝင် တင်ဆောင်လာတဲ့ ကျွန်းသစ်တွေကို တွေ့ရှိ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်မဆင်မခြင် ပေါ့လျော့မောင်းနှင်သူ ယာဉ်မောင်းကို နယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၈/၂၀၂ နဲ့ အမှုဖွင့်ထားပြီး ယာဉ်ပေါ်မှာ တွေ့ရှိရတဲ့ သစ်တွေကို မြို့နယ်သစ်တောဦးစီးဌာနက တိုင်းထွာစစ်ဆေးကာ တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ နေ့စဉ်လို တရားမဝင်သစ် သယ်ဆောင်လာတဲ့ ကားတွေ ဖြတ်သန်းနေပေမယ့် ယာဉ်မတော်တဆမှုဖြစ်မှာသာ ဖမ်းဆီးရမိမှု ရှိနေတဲ့အပေါ် ပြည်သူတွေက ဝေဖန်နေကြပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013