DVB Logo
Home
မြန်မာသတင်း
ချင်းတွင်းမြစ်အထက်ပိုင်းတွင် မြစ်ရေပြန်ကျပေမယ့်လည်း ရေယာဉ်ပြေးဆွဲခွင့် ၃ ရက်ထပ်ပိတ်
DVB
·
August 20, 2017
ချင်းတွင်းမြစ်အထက်ပိုင်းတွင် မြစ်ရေပြန်ကျပေမယ့်လည်း ရေယာဉ်ပြေးဆွဲခွင့် ၃ ရက်ထပ်ပိတ်
Donate to DVB

 

သြဂုတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီ (မုံရွာ) ရုံးမှာပြုလုပ်တဲ့ အစည်းအဝေးမှာ အားလုံးရဲ့သဘောတူညီချက်နဲ့ ရေယာဉ်ပြေးဆွဲခွင့်ကို နောက်ထပ် ၃ ရက်ထပ်ပိတ်လိုက်ပါတယ်။

"အရင်က ၅ ရက်၊ ခုက အထက်ပိုင်းမှာ ရေကျနေပြီဆိုပေမယ့် ဒီမှာတော့ တက်ဦးမှာ ဒါကြောင့် နောက်ထပ် ရေကျချိန်ကိုမှန်းပြီး ၃ ရက်ထပ်ပိတ်လိုက်တာပါ။ အဓိကကတော့ မလိုလားအပ်တဲ့ အန္တယာဉ်တွေဖြစ်ပေါ်မှာစိုးတဲ့အတွက်ပါ"လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ချင်းတွင်းမြစ်အထက်ပိုင်းဒေသတွေမှာတော့ မိုးအနည်းငယ်ရွာနေပေမယ့် ခန္တီးမြို့မှာတော့ စိုးရိမ်ရေအမှတ်အောက်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန် တိုင်းတာချက်များအရ ခန္တီးမြို့မှာ စိုးရိမ်ရေ အမှတ်အောက် ၃ ပေကျော်၊ ဟုမ္မလင်းမြို့နဲ့ ဖောင်းပြင်မြို့မှာ စိုးရိမ်ရေအမှတ်အထက် ၂ပေခွဲခန့်၊ မော်လိုက်မြို့မှာ စိုးရိမ်ရေအမှတ်ထက် ၅ပေခွဲခန့်၊ ကလေးဝမြို့မှာ စိုးရိမ်ရေအမှတ်ထက် ၃ ပေခွဲခန့်၊ မင်းကင်းမြို့မှာ စိုးရိမ်ရေအမှတ်ထက် ၂ပေခွဲခန့်၊ ကနီမြို့မှာ စိုးရိမ်ရေအမှတ်အောက် ၂ပေခန့်နှင့် မုံရွာမြို့မှာ စိုးရိမ်ရေအမှတ်ထက် ၃ လက်မခန့်စီ အသီးသီးရောက်ရှိနေတယ်လို့ တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေဒုတိယအကြိမ်မြင့်တက်နေလို့ စစ်ကိုင်းတိုင်း အတွင်းမှာ စာသင်ကျောင်းပေါင်း ၁၆၀ ဝန်းကျင်ပိတ်ထားရပါတယ်။ ပြီးခဲ့တဲ့လက မြစ်ရေတက်တဲ့ အချိန်ကလည်း ကျောင်းပေါင်း ၃၃၀ ပိတ်ထားခဲ့ရပါသေးတယ်။

ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေမြင့်တက်နေလို့ အိမ်ထောင်စုပေါင်း ၁၈၀၀၀ ခန့်ရေဘေးသင့်နေပြီး လူဦးရေ ၈ သောင်းဝန်းကျင် ရေဘေးဒုက္ခ ခံစားနေကြရပါတယ်။ အများဆုံးကတော့ ချင်းတွင်းမြစ် အထက်ပိုင်း ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်တို့ဖြစ်တယ်လို့ တိုင်းဒေသကြီး လူကယ်ပြန်ဦးစီးဌာနက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013