
ဆရီခရစ်ရှနားဘုရားမွေးနေ့ ပူဇော်ပွဲတော်နဲ့ ဒေသစာရီလှည့်လည်ပူဇော်ပွဲကို သြဂုတ်လ ၂၀ ရက်နေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တာပါ။
နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဆရီခရစ်ရှနားဘုရားပွဲကို ရှေးမူမပျက် ဘုရားကို နွားလှည်းနဲ့ လှည့်လည်တာတွေလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။
အခုလိုပွဲ ကျင်းပရတာဟာ လူသားအားလုံးအတွက် ပျော်ရွှင်မှုရရှိစေဖို့ဖြစ်တယ်လို့ ပွဲကျင်းပရေး ဥက္ကဋ္ဌကပြောပါတယ်။
ဆရီခရစ်ဘုရားဟာ နွားနို့၊ ဒိန်ချဉ်၊ ထောပတ် ကို ရမ်းကြိုက်တဲ့အတွက်နက္ခတ်တာရာ ကြည့်ပြီး ဘုရားမွေးနေ့မှာ နွားနို့ဒိန်ချဉ်တွေကို ပူဇော်ကြသလို သူ့ကိုယုံကြည်ကိုးကွယ်တဲ့သူတွေ အနေနဲ့ ဒီပွဲမှာ လာရောက်ဆုတောင်းမယ်ဆိုရင် ပြည့်တယ်လို့လည်း ယုံကြည်ကြပါတယ်။
မြန်မာပြည်တွင်းက ပြည်သူတွေအားလုံး ငြိမ်းချမ်းရေးရရှိဖို့ ဆုတောင်းကြောင်းလည်း ပွဲဂေါပက ဒီဘုရား ဆရီခရစ်နား မွေးနေ့ပွဲကနေ ဆန္ဒပြုခဲ့ပါတယ်။










