DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်နှင့် အရပ်ဖက်အဖွဲ့များ ပထမဆုံးအကြိမ်တွေ့ဆုံ
DVB
·
August 20, 2017
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်နှင့် အရပ်ဖက်အဖွဲ့များ ပထမဆုံးအကြိမ်တွေ့ဆုံ
Donate to DVB

ပြည်သူကိုဗဟိုပြုတဲ့ ဥပဒေတွေပြဋ္ဌာန်းတဲ့အခါ အချက်အလက်တွေ ကူညီပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ရေးရာကော်မ တီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(မုံရွာ)နဲ့ ပထမဆုံး အကြိမ် ဩဂုတ် ၂၀ ရက်နေ့က တိုင်းဒေသကြီးလွှတ်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒီတွေ့ဆုံပွဲမှာ လွှတ်တော်မှာ ပြဋ္ဌာန်းခဲ့ပြီး ဥပဒေတွေ၊ ဆွေးနွေးတော့မယ့် ဥပဒေတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။

အဓိကအားဖြင့် မကြာခင် လွှတ်တော် မှာ ဆွေးနွေးဖို့စီစဉ်နေတဲ့ စည်ပင်သာယာရေးဥပဒေကို ဆွေးနွေးခဲ့ပြီး ဥပဒေမှာ စည်ပင် သာယာရေးရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ရငွေ၊ သုံးငွေကိစ္စတွေကိုလည်း လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ ဦးသန်းကတော့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ဒီထက်မက ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့၊ လွှတ်တော်ကဏ္ဍ ပိုမိုဖွံ့ဖြိုးဖို့တွေကို ကူညီကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(မုံရွာ)အနေနဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယပတ်ကလည်း စည်ပင်သာယာရေးနဲ့သက်ဆိုင်တဲ့ လူထုစစ်တမ်းတွေ ကောက်ယူခဲ့ပြီး ရရှိလာတဲ့ အချက်အလက်တွေကို တင်ပြဆွေးနွေးခဲ့ပါသေးတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ တိုင်းဒေသကြီးအစိုးရနဲ့လည်း ၂ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။

အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(မုံရွာ)ကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံရေးတွေမှာ ထိထိရောက်ရောက် ကူညီပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီး ဇွန်လ ၂၆ ရက်နေ့က စတင်ကာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013