DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အပြီးသတ်အစီရင်ခံစာ ရက်ပိုင်းအတွင်း တင်မည်
DVB
·
August 20, 2017
ရခိုင်ပြည်နယ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ အပြီးသတ်အစီရင်ခံစာ ရက်ပိုင်းအတွင်း တင်မည်
Donate to DVB

ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ရဲ့ လေ့လာတွေ့ရှိချက်တွေအပေါ် အပြီးသတ်အစီရင်ခံစာကို လာမယ့်ရက်ပိုင်းအတွင်း နိုင်ငံတော်အစိုးရအဖွဲ့ထံ တင်ပြသွားမယ်လို့ ကော်မရှင် တာဝန်ရှိသူတဦးက ဒီဗွီဘီကိုပြောပါတယ်။

ဒီအစီရင်ခံစာဟာ ပြီးခဲ့တဲ့မတ်လက ထုတ်ပြန်ခဲ့တဲ့ ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက်တွေကို အခြေခံပြီး ရေးသားထားတယ်လို့ ဆိုပါတယ်။

ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို အဓိကအကြံပြုဖော်ပြထားတာဖြစ်ပြီး၊ လူသားချင်စာနာထောက်ထားတဲ့ အကူအညီပေးနိုင်တာတွေ၊ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေး၊ စတာတွေကို အကြံပြုရေးသားထားတာဖြစ်ပါတယ်။

ကြားဖြတ်အစီရင်ခံစာ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာလည်း အစီရင်ခံစာပါ အကြံပြုချက်တချို့ကို အစိုးရက အကောင်အထည်ဖော်လုပ်ဆောင်ခဲ့တာတွေ ရှိတဲ့အတွက် အကြံပေးကော်မရှင်အနေနဲ့ အားရကျေနပ်မှုရှိတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။

ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာနဲ့ပတ်သက်ပြီး လာမယ့် သြဂုတ် ၂၄ ရက်နေ့ ရန်ကုန်မြို့မှာရှိတဲ့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ရခိုင်ပြည်နယ်အကြံပေးကော်မရှင်အဖွဲ့ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန် ဦးဆောင်ပြီး အဖွဲ့ဝင်တွေနဲ့ မီဒီယာတွေကို ရှင်းလင်းသွားမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013