DVB Logo
Home
မြန်မာသတင်း
တလအတွင်း အမြန်ပိန်စေနည်း၏ လျှို့ဝှက်ချက်များ
DVB
·
August 20, 2017
တလအတွင်း အမြန်ပိန်စေနည်း၏ လျှို့ဝှက်ချက်များ
1 / 2
Donate to DVB

 

အောက်မှာ ဖော်ပြထားတဲ့ အချက် ၁ဝ ချက်ကို တိတိကျကျ တသဝေမတိမ်း လိုက်နာဖို့ လိုပါတယ်။ တခုခုကို မလိုက်နာဘဲ ပျက်ကွက်ခဲ့ရင်တော့ သင့်ရဲ့ အမြန်ပိန်စေရေး အိပ်မက်ဟာ ပျက်ပြယ်သွားမှာ အမှန်ပါပဲ။ အချက် ၁ဝ ချက်လို့ ခွဲထားပေးမယ့် အဓိက ခွဲထွက်လာတာ သုံးချက်ပဲ ရှိပါတယ်။

၁။    အစားအသောက် အာဟာရပုံစံ

၂။    အပြုအမူ အလေ့အကျင့် နေထိုင်မှု ပုံစံ

၃။    ဆေးဝါး အကူအညီ ရယူခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။

ပိန်ချင်တဲ့သူ အများစုက အထက်ပါ သုံးခုထဲက တခုခုကိုသာ ရရှိဖို့ ကြိုးစားနေသူတွေ များပါတယ်။ ဥပမာ ပိန်ဆေး သောက်နေတဲ့သူဆိုရင် ငါ ပိန်ဆေး သောက်နေတာပဲ သူ့အလိုလို ပိန်လာမှာပေါ့။ ကျန်တာ မလိုပါဘူးဆိုပြီး အစားလည်း မလျှော့၊ လေ့ကျင့်ခန်းလည်း မလုပ်ဘဲ နေလေ့ရှိတယ်။ အဲဒီလို နည်းလမ်းနဲ့ သိသိသာသာ ပိန်သွားတာ သင် တွေ့ဖူးပါသလား။ တကယ်ပိန်ချင်ရင် သင်ဟာ တကယ် စိတ်အားထက်သန်နေဖို့လည်း လိုတယ်။ အောက်မှာ ဖော်ပြထားတဲ့ အချို့အချက်တွေကို သင့်အနေနဲ့ သိပ်အရေးမပါဘူးလို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမဲ့ တကယ် အကျိုးထူးတဲ့အတွက် သင် တိတိကျကျ လုပ်ဆောင်ပါ။ အောက်ပါ ၁ဝ ချက်ကို လိုက်နာရုံနဲ့ 70 kg, 80 kg, 100 kg သမားတွေကို 50 kg, 60 kg လောက်ထိ လျှော့ချပေးနိုင်တယ် ဆိုတာ သင် အံ့သြဖွယ်ရာ တွေ့လာပါလိမ့်မယ်။ ကဲ… ဘာတွေ လုပ်သင့်သလဲ၊ ဘာတွေ လုပ်ရမှာလဲဆိုတာ လေ့လာကြည့်ကြရအောင်။

၁။    ပထမဆုံး လုပ်ရမှာကတော့ သင့် ရေချိုးခန်း၊ အလှကြည့်မှန်၊ သနပ်ခါး စတဲ့ မှန်တွေရှိတဲ့ နေရာမှန်သမျှမှာ ''ငါသည် တလအတွင်း မုချပိန်ကို ပိန်ရမယ်''ဆိုတဲ့ စာကြောင်းကို ခပ်ထင်းထင်းဖြစ်အောင် ဆော့ပင် သို့မဟုတ် Correction Pen ဖြင့် ရေးရပါမည်။ အသံထွက်၍လည်း ယုံကြည်မှုအပြည့်ဖြင့် ဖတ်ရပါမည်။

၂။    ပုံမှန် အစားအသောက် စားတဲ့ အလေ့အကျင့်ကို မွေးမြူရပါမယ်။ ပိန်ချင်တယ် ဆိုရင် စားချင်တဲ့အချိန် စားလို့ မရပါဘူး။ အချိန် သတ်မှတ်ပါ။

-      မနက်စာ စားချိန်၊ နေ့လယ်စာ စားချိန်၊ ညစာ စားချိန် (သုံးနပ်ထက် မပိုရပါဘူး။ နေ့တိုင်း အချိန်အတိအကျတိုင်း အစာစားပါ။ ဒါကို Regular Eating Pattern လို့လည်း ခေါ်တယ်။

၃။    High Calorie Food လို့ခေါ်တဲ့ ကယ်လိုရီ တက်စေတဲ့ အစာတွေ လုံးဝ မစားရပါဘူး။ Snack လို့ ခေါ်တဲ့ သရေစာတွေကိုတော့ လုံးဝ မစားရပါဘူး။ ရန်သူလို သဘောထားပါ။ အကယ်၍ မဖြစ်မနေ စားဖို့ ကြုံလာရင်လည်း ချင့်ချိန်ပြီး စားရပါမယ်။ ကယ်လိုရီ တက်စေတဲ့ အစားအစာတွေကတော့ -

-      ဝက်သား

-      အဆီပါသော ငါး

-      ရေခဲမုန့်

-      ချောကလက်

-      ဆီကြော်မုန့်နှင့် သရေစာအမျိုးမျိုး

-      ချိုလွန်းသော သစ်သီးများ

၎။    နံနက်ခင်းစာကို ပုံမှန် စားနိုင်ပါတယ်။ နေ့လယ်စာကိုတော့ သင့်တင့်ရုံသာ စားပါ။ ညစာကိုတော့ နေ့လယ်စာရဲ့ တဝက်ခန့်သာ စားရပါမယ်။ ညနေခင်းစာ စားပြီးရင် လူသာ ကိုယ်လက်လှုပ်ရှားမှု သိပ်မရှိဘဲ အိပ်ရာဝင်လေ့ရှိတာကြောင့် Calorie ပိုတတ်စေပါတယ်။ စားသောက်တဲ့ ကယ်လိုရီကို ချေဖျက်နိုင်တဲ့ စွမ်းအင်သုံးစွဲမှု Energy Comsumption မရှိရင် Overweight ကို ကျစေမှာ မဟုတ်ပါဘူး။

၅။    နေ့စဉ် ပုံမှန် အလေ့အကျင့်တွေကို မွေးမြူရပါမယ်။ သင်ဟာ အလွယ်တကူ လုပ်နိုင်တဲ့ အလုပ်တွေကို စက်ပစ္စည်းတွေချည်း အားကိုးနေတဲ့ အကျင့်ကို ဖျောက်ပါ။

-      စက်ကလေးနဲ့ ဖုန်စုပ်မည့်အစား တံမြက်စည်းကို ပြောင်နေအောင် လှဲပါ။ ဒါဟာ စွမ်းအင်သုံးစွဲနည်းပါ။

-      အလွယ်တကူ လမ်းလျှောက်သွားနိုင်တဲ့ နေရာကို သင် ဘတ်စ်ကား စီးသွားပါသလား။ အဲဒီအကျင့်ကို ဖျောက်ပါ။ လမ်းလျှောက်နိုင်တဲ့ နေရာဆို လမ်းလျှောက်သွားပါ။

-      အဝတ်လျှော်၊ ပန်းကန်ဆေး ဒါတွေကို စက်ကို အားကိုးတဲ့အကျင့် ဖျောက်ပြီး သင်ကိုယ်တိုင် ချွေးထွက်လာတဲ့အထိ ကိုယ့်အားကိုယ်ကိုးပါ။ သွေးလေ လည်ပတ်မှုများပြီး အဆီကျစေပါတယ်။

၆။    ဒီအပြုအမူတွေ ပြောင်းရုံနဲ့ မလုံ လောက်သေးပါဘူး။ ဒါဟာ Weight ကို ထပ် မတက်အောင် Maintain လုပ်တဲ့ အဆင့်ပဲ ရှိပါတယ်။ လျှော့ချဖို့ဆိုရင် ပုံမှန် လေ့ကျင့်ခန်း လုပ်ဖို့ လိုပါတယ်။ သင် လုပ်နိုင်သမျှ အစွမ်းကုန် ပြင်းပြင်းထန်ထန် လုပ်ဖို့လိုပါတယ်။

-      ရေကူးခြင်း

-      ပြေးခြင်း

-      ကြိုးခုန်ခြင်း

-      ယောဂလေ့ကျင့်ခန်းလုပ်ခြင်း

-      လမ်းလျှောက်ခြင်း

၇။    အချိန်အကြာကြီး ထိုင်ရမယ့်အလုပ်ကို ရှောင်ပါ။ ဥပမာ- ရုပ်ရှင်ကြည့်ခြင်း၊ စာအကြာကြီး ထိုင်ရေးခြင်း၊ သီချင်းအကြာကြီး နားထောင်ခြင်း၊ ဒီလို အကြာကြီး လုပ်ရမယ့်အလုပ်ကို မဖြစ်မနေ လုပ်ရမယ်ဆိုရင်လည်း ၄၅ မိနစ်ထက် မပိုပါစေနဲ့။ ၁၅ မိနစ်လောက် ကိုယ်လက်လှုပ်ရှားပြီးမှ ပြန်လုပ်ပါ။

၉။    သင်ဟာ ပိန်ဆေးတခုခုကိုလည်း သောက်ဖို့ လိုပါတယ်။ ဥပမာ Sibutr-amine, Orlistat ပါဝင်သော ဆေးတမျိုးမျိုးကို သောက်သုံးခြင်းကို ဆိုလိုပါ တယ်။ Sibutramine ဟာ FDA က Approve လုပ်ထားတဲ့ အစာစားချင် စိတ်ကို ထိန်းချုပ်ပေးတဲ့ တစ်ခုတည်း သော ဆေးဖြစ်ပါတယ်။ နေ့စဉ် ပုံမှန်အတိုင်း အတိအကျသောက်ဖို့ လိုပါတယ်။ သောက်လိုက် မသောက်လိုက်ဆို ဘာ အကျိုးမှ မရှိပါဘူး။ ဘေးထွက်ဆိုးကျိုး ကို နားလည် တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီး ကိုယ့်အတွက် ဘာဆိုးကျိုးတွေ ရှိနိုင်သလဲဆိုတာ ဆန်းစစ်ပါ။

၁ဝ။ နောက်ဆုံးအချက်ကတော့ ပုံမှန် ကိုယ်အလေးချိန် ချိန်ပေးရပါမယ်။ ကိုယ်ဒီလို တစ်နေ့တာ လုပ်တဲ့အတွက် ဘယ်လောက်ထိ ကျသွားသလဲဆိုတာ အမြဲ ဆန်းစစ်နေရပါမယ်။

တပတ်အတွင်း ဘယ်လောက်ထိ ကိုယ်လုပ်နိုင်သလဲဆိုတဲ့အပေါ် မူတည်ပြီး တလအတွင်း အံ့သြဖွယ်ရာကောင်းအောင် ကိုယ်အလေးချိန်ကို အထက်ပါ နည်းလမ်းတွေနဲ့ လျှော့ချပစ်နိုင်ပါတယ်။ မယုံမရှိနဲ့နော်။

သက်တန့်ချို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013