DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် ကျောင်းသားတဦး ဓားဦးချွန်ကိုင်၍ အမျိုးသမီးအဆောင် ၀င်ရောက်
DVB
·
August 20, 2017
မိုးညှင်းတွင် ကျောင်းသားတဦး ဓားဦးချွန်ကိုင်၍ အမျိုးသမီးအဆောင် ၀င်ရောက်
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းဒီဂရီကောလိပ် အမျိုးသမီးအတွင်းဆောင်မှာ သြဂုတ် ၁၈ ရက် ည ၈ နာရီ ၄၅ မိနစ်လောက်က အဆောင်နားကို ကျူးကျော်ဝင်ရောက်လာတဲ့ ဓားဦးချွန်ကိုင် လူငယ်တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။

ဖြစ်ပွားပုံမှာ အဲဒီနေ့ညက မိုးညှင်းဒီဂရီကောလိပ် အင်ဂျင်နီယာမှူး ဦးဇော်ထွေးဦးဟာ အဆောင်မှာ ရှိနေချိန် စံပယ်အမျိုးသမီး အဆောင်မှူးက အဆောင်နောက်ကျောကို ကျူးကျော်ဝင်ရောက်လာတဲ့ လူတဦးကို ဖမ်းဆီထားကြောင်း ဖုန်းဆက်လာလို့ သွားရောက်ကြည့်ရှုရာ ညစောင့်နဲ့အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းခဲ့ရာ လူငယ်ဟာ ထန်းတပင်ကျေးရွာက အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး ရွာသစ်ကုန်းကျေးရွာ အလယ်တန်းကျောင်းက ၆ တန်းကျောင်းသား တဦးဖြစ်ကာ သူ့လက်ထဲမှာ အရိုးအသွား ၁ ပေလောက်ရှိတဲ့ ဓားဦးချွန် တချောင်းကိုပါ တွေ့ရတယ်လို့ သိရပါတယ်။

“အမှုကို သေခြာစစ်ဆေးနေတုန်းပါ၊ လူငယ်ကျောင်းသားဆိုတော့ အာမခံပေးထားပါတယ်” လို့ မိုးညှင်းမြို့မ ရဲစခန်းမှုးက ပြောပြပါတယ်။

မိုးညှင်းဒီဂရီကျောင်းအုပ်ကြီးနဲ့ ရွာသစ်ကုန်းကျေးရွာ အုပ်အျုပ်ရေးမှူးတို့နဲ့အတူ ဦးဇော်ထွေးဦး က တရားလိုပြုလုပ်ပြီး မိုးညှင်းမြို့မရဲစခန်းမှာ တိုင်ကြားခဲ့တဲ့အတွက် တားမြစ်နယ်မြေ မိန်းကလေးအဆောင်အထိ ဓားဦးချွန်ကိုင်ဆောင် ကျူးကျော်ဝင်ရောက်ခဲ့သူ ရှိုင်းလင်းထွန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၅၆ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013