DVB Logo
Home
မြန်မာသတင်း
မြစ်ရေမြစ်တက်မှုကြောင့် တံတားဦးနှင့်အမရပူရ မြို့နယ်တို့တွင် ရေဖုံးလွှမ်း
DVB
·
August 20, 2017
မြစ်ရေမြစ်တက်မှုကြောင့် တံတားဦးနှင့်အမရပူရ မြို့နယ်တို့တွင် ရေဖုံးလွှမ်း
Donate to DVB

ဧရာဝတီမြစ်ရေနဲ့ ဒုဌဝတီမြစ်ရေ တက်လာတာကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်နဲ့ အမရပူရမြို့နယ်တွေက ကျေးရွာအတော်တော်များများ ရေဖုံးလွှမ်းမှုတွေ စတင်ဖြစ်ပေါ်နေပါတယ်။

သြဂုတ် ၁၈ ရက်နေ့ ညပိုင်းက စတင်ကာ ရေ၀င်ရောက်ခဲ့တာဖြစ်ပြီး ဒေသခံတချို့ကတော့ ကုန်းမြင့်ပိုင်းနေရာတချို့ကို စတင်ပြောင်းရွှေ့နေကြပါတယ်။

တံတားဦးမြို့နယ်မှာ အင်းဝမြို့ဟောင်းအနီးက ဥတည်ကျေးရွာအုပ်စုနဲ့ ဟံသာဝတီကျေးရွာအုပ်စုက ကျေးရွာတော်တော်များများ ရေဘေးနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို မြစ်ရေတွေမြင့်တက်လာတာကြောင့် ကျေးရွာတချို့က သက်ကြီးရွယ်အိုတွေ၊ ကျောင်းသားကျောင်းသူတွေအတွက် သွားရေးလာရေးအခက်အခဲ ကြုံတွေ့နေရသလို ကျေးရွာတာဝန်ရှိသူတွေအနေနဲ့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်းကြားတင်ပြထားတယ်လို့ ဥတည်ကျေးရွာအုပ်စုမှာနေထိုင်တဲ့ ဒေါ်သန်းတင်က ပြောပါတယ်။

ရေလွှမ်းမိုးမှုဟာ နှစ်စဉ်နှစ်တိုင်းဖြစ်ပွားနေတာဖြစ်ပြီး လာမယ့် သုံးရက်အတွင်း ပိုမိုဆိုးရွားနိုင်တယ်လို့ ဥတည်ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ဦးက ပြောပါတယ်။

ဓာတ်ပုံ - အောင်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013