DVB Logo
Home
မြန်မာသတင်း
ဖြူးတွင် ချောင်းကမ်းပါပြိုကျမှုကြောင့် ကျေးရွာနေပြည်သူများ အခက်တွေ့
DVB
·
August 20, 2017
ဖြူးတွင် ချောင်းကမ်းပါပြိုကျမှုကြောင့် ကျေးရွာနေပြည်သူများ အခက်တွေ့
Donate to DVB

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် လှေဒုံးအုပ်စုရှိ မအူပင်းကျေးရွာမှာ ချောင်းကမ်းပါး ပြိုကျနေလို့ ကျေးရွာနေပြည်သူတွေ အခက်ခဲကြုံနေရပါတယ်။

မအူပင်ကျေးရွာ ရပ်မိရပ်ဖတဦးဖြစ်တဲ့ ဦးမြင့်အောင်က "ချောင်းက ကွင်းချောင်ပါ၊ ချောင်းကမ်းပါပြိုလာတာ ဒီနှစ်ပါဆို ၂  နှစ်ရှိပြီပေါ့။ အခုအိမ်တွေနဲ့လည်း ကပ်နေပြီ၊ လူသွားလမ်းကလည်း နှစ်ပေလောက်ပဲရှိတော့တယ်။ အဲတော့ ကျောင်းသားလေးတွေ/ရဟန်းသံဃာတွေ သွားတဲ့အခါ အခက်အခဲရှိသလို အန္တရာယ်လည်း သိပ်များနေပါပြီ။ အုပ်ချုပ်ရေးမှူးကိုလည်း တင်ပြထားတာတော့ ရှိပါတယ်။ ဒါပေမယ့် အခုအထိ ဘာမှဖြစ်မလာသေးဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။

အဲဒီချောင်းဟာ ရွာဘေးကပ်စီးဆင်းနေတာဖြစ်ပြီး ၂ နှစ်အတွင်း ရွာဘက်ကို  ပေ ၂၀ လောက် ပြိုကျလာပြီး လူနေအိမ်တွေနဲ့ ချောင်းကမ်းပါးဟာ ၇ ပေလောက်သာ ကွာဝေးတော့တဲ့အတွက် ကျေးရွာနေသူတွေ စိုးရိမ်နေကြတာပါ။

ဒါနဲ့ပတ်သက်လို့ လှဒုံးအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်ရာမှာ “ကျနော်အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျေးရွာက ရပ်မိရပ်ဖတွေနဲ့ အဖွဲ့အစည်းတွေကို ပြောထားတယ်လေ။ ကျနော့်ဘက်က အတားရိုက်ပေးမယ်၊ ပြည်သူတွေဘက်က ကမ်းပါပြိုနေတာကို လက်မှတ်ထိုးပြီး တင်ပြပေးပါလို့ ပြောထားပါတယ်" လို့ ပြောပါတယ်။

ကမ်းပါမပြိုရေးအတွက် ကျေးရွာနေပြည်သူတွေကသာ ကမ်းပါထိန်းတွေ ပြုလုပ်နေရတာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးပိုင်းက ဦးဆောင်ပြီး လုပ်ပေးစေချင်တယ်လို့ ကျေးရွာနေသူတွေက ပြောပါတယ်။

အဆိုပါကျေးရွာမှာ အိမ်ထောင်စု ၅၀ လောက်၊ လူဦးရေ စုစုပေါင်း ၃၀၀ လောက် နေထိုင်တယ်လို့ သိရပါတယ်။

သတင်း ကျော်အောင် (ကညွတ်ကွင်း )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013